‘A Friend That You Can Count On’ ပြိုင်ပွဲမှဖုန်းဆင်တူကိုင်ခွင့်ရမယ့်ကံထူးရှင်ပေါ်ထွက်

‘A Friend That You Can Count On’ ပြိုင်ပွဲမှဖုန်းဆင်တူကိုင်ခွင့်ရမယ့်ကံထူးရှင်ပေါ်ထွက်

 

ဧပြီလအစောပိုင်းတုန်းက ‘A Friend That You Can Count On’ အမည်ရ ပြိုင်ပွဲတစ်ခုကို Huawei ကကျင်းပပြုလုပ်ခဲ့ပါတယ်။ မိမိတို့ဘဝမှာမရှိမဖြစ်အရေးပါတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကိုလူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် Huawei Myanmar ရဲ့ Facebook စာမျက်နှာမှာရေးသားတင်ပြနိုင်သူနဲ့ သူငယ်ချင်းကိုဆုလက်ဆောင်အနေနဲ့နောက်ဆုံးထွက်ရှိထားတဲ့ Huawei Y9 (2018) စမတ်ဖုန်းနှစ်လုံးချီးမြှင့်သွားမယ့် ချစ်စဖွယ်ပြိုင်ပွဲလေးတစ်ခုဖြစ်ပါတယ်။

သူငယ်ချင်းကောင်းရှိခြင်းရဲ့ တန်ဖိုးကို ပြန်လည်အောက်မေ့ပြီးမိမိတို့ အနီးနားမှာရှိတဲ့ သူငယ်ချင်းတွေကိုတန်ဖိုးထားတတ်ကြဖို့၊ သူငယ်ချင်းအချင်းချင်းတစ်ယောက်အကြောင်း တစ်ယောက်ဝေမျှရင်းခင်မင်ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲလေးမှာစိတ်ဝင်တစားနဲ့ ပါဝင်ယှဉ်ပြိုင်သူတွေ များပြားခဲ့ပါတယ်။ကံကောင်းရင် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းHuawei Y9 (2018) စမတ်ဖုန်းကိုဆင်တူကိုင်ခွင့်ရမယ့် အခွင့်အရေးတစ်ရပ်ပဲမဟုတ်လား။

ပြိုင်ပွဲဝင်များအနေနဲ့ကိုယ့်သူငယ်ချင်းကဘယ်လောက်တောင်အားကိုးလို့ရကြောင်းကိုဓာတ်ပုံ (သို့ ) ဗီဒီယိုရိုက်ပြီးဧပြီလ ၂ ရက်နေ့ ကနေဧပြီလ ၉ ရက်နေ့အတွင်းHuawei Myanmar Facebook ရဲ့ ပြိုင်ပွဲပို့စ်အောက်မှာ comment ရေးသားရပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို နိုင်ငံကျော်အနုပညာရှင် ကိုမင်းသွေး၊ Myanmar Media 7 ရဲ့ တည်ထောင်သူ ကိုဝေမင်းမောင်နဲ့ Huawei Mobile (MM) မှ တာဝန်ရှိသူတစ်ဦးတို့ကစိစစ်ရွေးချယ်ခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့မှာ Y9 (2018) ကံထူးရှင်ကိုကြေညာခဲ့ပါတယ်။

နှစ်သစ်မှာကံထူးသွားသူကတော့ Mi Mi Yoon ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ Mi Mi Yoon က ဓာတ်ပုံရိုက်ဝါသနာကြီးတဲ့သူ့ကိုအမြဲတမ်းစိတ်ရှည်ရှည်နဲ့ ပုံလှလှလေးတွေ ရိုက်ကူးပေးတဲ့ သူ့ရဲ့သူငယ်ချင်း Myat Noe Paingနဲ့ သူငယ်ချင်းဖြစ်တာ ၃ နှစ်ကျော်ပြီ ဖြစ်တဲ့အကြောင်း၊ မတည့်အတူနေ၊ ဟာသတွေအမြဲလုပ်တတ်ပြီးဟင်းချက်လည်းဝါသနာပါတဲ့ သူငယ်ချင်းအကြောင်းကိုရေးသားပြီးဗီဒီယိုဖိုင်နဲ့တကွ Comment မှာဝင်ရောက်ယှဉ်ပြိုင်ကာအခုလိုကံထူးခဲ့တာဖြစ်ပါတယ်။ ချစ်စဖွယ်သူငယ်ချင်းနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်။

https://www.facebook.com/100008185719631/videos/2093599300922907/?t=0

သူတို့ကံထူးခဲ့တဲ့ Huawei Y9 (2018) ဟာ Huawei ရဲ့ မတ်လကမှ ထွက်ရှိထားတဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပြီးကင်မရာလေးခု ၊ Full View Display ၊ 4000 mAhပါဝင်တဲ့ ကြာရှည်ခံဘက်ထရီ ၊ Android 8.0 (Oreo) အခြေခံထားတဲ့ EMUI 8.0 တို့နဲ့ ဖွဲ့စည်းထားလို့အချိန်တိုင်းနေရာတိုင်းမှာအမြဲယုံကြည်အားကိုးနိုင်ပြီးသူငယ်ချင်းနှစ်ယောက်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊ အခိုက်အတန့်လေးတွေကို ဖန်တီးပေးနိုင်မှာ  ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly