အန်ဖီးလ်ကွင်းအပြင်ဘက်တွင် တိုက်ခိုက်ခံရ၍ လူတစ်ဦးဒဏ်ရာ စိုးရိမ်ရ

အန်ဖီးလ်ကွင်းအပြင်ဘက်တွင် တိုက်ခိုက်ခံရ၍ လူတစ်ဦးဒဏ်ရာ စိုးရိမ်ရ

ဧပြီ ၂၅၊ လီဗာပူးလ်။          ။ လီဗာပူးလ်နှင့် ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဆီမီးပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်းအပြင်ဘက်တွင် တိုက်ခိုက်ခံရသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

ရောမမြို့မလာသည့် အသက် ၂၅ နှင့် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာလည်း လူသတ်ရန်ကြံစည်မှုသံသယဖြင့် ဖမ်းဆီးခံထား ရသည်။

လီဗာပူးလ်အသင်း၏ထုတ်ပြန်ချက်တွင် ယင်းဖြစ်ရပ်အတွင် ထိတ်လန့်စိတ်ပျက်မိပြီး ကျူးလွန်ခံရသူဘက်မှ အပြည့်အဝ ရပ်တည်သွားမည်ဟု ပါရှိသည်။

မာဆေးဆိုဒ်ရဲအဖွဲ့မှ ရဲအရာရှိ ပေါလ်စဖိတ်က “မျက်မြင်သက်သေတွေပြောစကားအရတော့ သူဟာ ခါးပတ်နဲ့အရိုက်ခံရပြီး လဲကျသွားခဲ့တာပါ။ သူ့ရဲ့လက်ရှိအခြေအနေက စိုးရိမ်ရပြီး ဆွေမျိုးသားချင်းတွေကို အကြောင်းကြားထားပါတယ်”ဟု ပြောသည်။

ပွဲမစမီတွင် လီဗာပူးလ်နှင့် ရိုးမားပရိသတ်များအကြား အချိန်အနည်းငယ်ခန့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ရိုးမားပရိသတ် ၈၀ ခန့်သည် လီဗာပူးလ်ပရိသတ်များရှိရာနေရာသို့သွားရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

ပရိသတ်တစ်ဦးမှာ လမ်းပေါ်တွင် မလှုပ်မယှက်လဲကျနေပြီး အခြားတစ်ဦး၏လက်ထဲတွင် တူတစ်ခု ကိုင်ဆောင်ထားသည်ကို ရုပ်သံမှတ်တမ်းတွင် ဖော်ပြထားသည်။

အသက် ၂၀ မှ ၄၃ နှစ်ကြား အမျိုးသား ရ ဦးကို ခိုက်ရန်ဖြစ်ပွားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ထိခိုက်ပျက်စီးမှုများဖြင့် ဖမ်းဆီးထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags