ထိန်ပင်အမှိုက်ပုံ ညှော်နံ့များကြောင့် လှိုင်သာယာတွင် ကျန်းမာရေးထိခိုက်သူများရှိနေ

ထိန်ပင်အမှိုက်ပုံ ညှော်နံ့များကြောင့် လှိုင်သာယာတွင် ကျန်းမာရေးထိခိုက်သူများရှိနေ
Photo-EPA/NYEIN CHAN NAING

ရန်ကုန် ၊ ဧပြီ ၂၄ ။              ။ ၄ ရက်ကြာ လောင်ကျွမ်းနေသည့် လှိုင်သာယာထိန်ပင်အမှိုက်ပုံမှ ထွက်ရှိလာသည့်  မီးခိုးများသည်  ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၌ ပို၍ပျံ့နှံ့နေပြီး ညှော်နံ့များ ဆိုးဝါးစွာ ခံစားနေရကာ ကျန်းမာရေးထိခိုက်သူများရှိနေသည်ဟု လှိုင်သာယာမြို့နယ် နေထိုင်သူများ ထံမှ သိရသည်။

လှိုင်သာယာထိန်ပင်အမှိုက်ပုံနှင့် အနီးဆုံးရပ်ကွက်များဖြစ်သည့် အမှတ် ၂၀၊ ၁၈၊ ၅၊ ၆ ၊ ရ ရပ်ကွက်များတွင် မီးခိုးနှင့်ညှော်နံ့များ ပိုမို ခံစားနေရသည်ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သူ မဆူးရွက်ဝါက မဇ္ဈိမသို့ ပြောသည်။

" အနံ့တွေက တော်တော်ဆိုးတယ်၊ မီးခိုးတွေလည်း တွေ့ရတယ်၊ လေသင့်တဲ့အခါ ပိုဆိုးတယ်၊ ကြာကြာ ရှူ မိရင် အဲဒါ ခေါင်းကိုက်တယ်၊ ကျန်းမာရေးထိခိုက်တဲ့သူတွေလည်း ရှိတယ်၊ အဲဒါတွေကြောင့် " ဟု လှိုင်သာယာ မြို့နယ်တွင်နေထိုင်သူ မဆူးရွက်ဝါက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လူနာတင်ယာဉ်အချို့ ဖြင့် ဆေးရုံတင်ပို့ရသည့် လူနာများလည်း မြင်တွေ့ခဲ့ရသည် ဟု ၄င်းက ဆက်လက်ပြောသည်။

"မနေ့က လူနာတင်ကားနဲ့ ဆေးရုံပို့ရတာတွေရှိတယ်၊ ရပ်ကွက်ထဲက လူတွေ၊ ဒီနေ့တော့ အဲဒါမျိုးမမြင်မိဘူး၊ ညှော်နံ့တွေကတော့ ပိုဆိုးလာတယ်၊ ဒီနေ့ညက" ဟု မဆူးရွက်ဝါက ပြောသည်။

မီးခိုးညှော်နံ့များသည် ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းခန့်မှ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များအထိ ပျံ့နှံ့လျှက်ရှိသည်။

မီး​လောင်​မှုကြောင့် မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ မီးခိုး၊ ကာဘွန်​မို​နောက်​ဆိုဒ်​နှင်​့ပတ်​သက်သည့် သတ်ိ​ပေးချက်​ကို ဧပြီလ ၂၄ရက်​ ည ၉နာရီ ၄၅မိနစ်​အချိန်​ခန်​့၌ ထုတ်​ပြန်​ခဲ့သည်​။

၄င်​းမီးခိုး​ငွေ့များ​ကြောင်​့ နှလုံး​ရောဂါ၊ အသက်​ရှုလမ်​း​ကြောင်​း​ရောဂါ၊ အဆုတ်​​ရောဂါအခံရှိသူများ၊ သက်​ကြီးရွယ်​အို၊ က​လေးသူငယ်​နှင်​့ ကိုယ်​ဝန်​​ဆောင်​မိခင်​များတွင်​ ကျန်​းမာ​ရေးထိခိုက်​မှု ပိုမိုခံစားရနိုင်​သည်​ဟု ​သတိပေးထားသည်​။

မီးခိုး​ငွေ့​ကြောင်​့ ​ချောင်​းဆိုးခြင်​း၊ ယားယံခြင်​း၊ မျက်​စိစပ်​ခြင်​း၊ မျက်​ရည်​ယိုခြင်​း၊ နှာ​စေးခြင်​း၊ ​ခေါင်​းကိုက်​ခြင်​း တို့ဖြစ်​နိုင်​​ကြောင်​း ကျန်​းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly