ရိုးမားအသင်းကို ‘လေးစားမှု ပြသပေးဖို့’ လီဗာပူးလ်ပရိသတ်တွေကို တောင်းဆိုသွားတဲ့ နည်းပြ ကလော့ပ်

ရိုးမားအသင်းကို ‘လေးစားမှု ပြသပေးဖို့’ လီဗာပူးလ်ပရိသတ်တွေကို တောင်းဆိုသွားတဲ့ နည်းပြ ကလော့ပ်

လီဗာပူးလ်နည်းပြ ဂျာဂင် ကလော့ပ်က ယနေ့အင်္ဂါနေ့မှာ ရိုးမားနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်  အန်ဖီးလ်ကွင်းပြင်ပမှာ ‘လေးစားမှု ပြသ’ပေးဖို့နဲ့ ဧည့်သည်အသင်းရဲ့ ဘတ်စ်ကားကို အရာဝတ္ထုများနဲ့ မပစ်ပေါက်ကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ဒီလအစောပိုင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ မန်စီးတီးအသင်းရဲ့ ဘတ်စ်ကားကို လီဗာပူးလ်ပရိသတ်များက ဗူး၊ ပုလင်းများနဲ့ မီးကျည်တောက်များဖြင့် ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ ကွင်းတွင်းမှာ ရိုးမားအသင်းကို အနိုင်ယူလိုပါတယ်။ ဒါပေမယ့် ကွင်းပြင်ပမှာတော့ လေးစားမှုပြသရမှာပါ။ ကျနော်တို့ အရာဝတ္ထုများနဲ့ ပစ်ပေါက်ဖို့ မလိုအပ်ပါဘူး။”လို့ ကလော့ပ်က ပြောပါတယ်။

ဧပြီလ ၄ ရက်က တိုက်ခိုက်ခဲ့မှုကို မာဆေးဆိုက်ရဲအဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ၎င်းဖြစ်စဉ်အတွင်း ရဲ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း စည်းကမ်းပိုင်းဆိုင်ရာအမှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

“လီဗာပူးလ် ပရိသတ်တွေ ဘယ်လောက်အံ့သြဖို့ကောင်းသလဲဆိုတာ ကျနော်တို့ ပြသနိုင်ပါတယ်။ ဒါကို ကစားပွဲ မစခင် မိနစ် ၂၀ လောက်မှာ ပြနိုင်တဲ့နောက်မှာ တစ်ကမ္ဘာလုံးက ဒါကို သိရှိသွားမှာဖြစ်ပါတယ်။”လို့ ကလော့ပ်က ပြောဆိုသွားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly