လီနင် ၁၄၈ နှစ်မြောက် မွေးနေ့ မော်စကိုတွင် ရုရှကွန်မြူနစ်များ စုရုံး

လီနင် ၁၄၈ နှစ်မြောက် မွေးနေ့ မော်စကိုတွင် ရုရှကွန်မြူနစ်များ စုရုံး

မော်စကို၊ ဧပြီ ၂၃ ။                    ။ ရုရှနိုင်ငံ မော်စကိုမြို့တော်တွင် ဧပြီ ၂၂ ရက်က ဆိုဗီယက်ပြည်ထောင်စုအား တည်ထောင်သူနှင့် ခေါင်းဆောင်ဟောင်းဖြစ်သူ ဗလာဒီမာလီနင်၏ ၁၄၈ နှစ်မြောက် မွေးနေ့ ကျင်းပကာ ကွန်မြူနစ်ပါတီကို ထောက်ခံကြသူများ စုရုံးခဲ့ကြသည်။

အဆိုပါ ထောက်ခံကြသူများက ပါတီ၏ အလံများ၊ လီနင်၏ ရုပ်ပုံများ ကို်င်ဆောင်ကာ ရင်ပြင်နီတွင် စုရုံးကြပြီး လီနင်၏ ဂူဗိမာန်သို့
သွားရောက်ခဲ့ကြသည်။

ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဌ ဗလာဒီမာကာရှင်းလည်း အဆိုပါ ပွဲသို့ အခြားသော ပါတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ တက်ကြွလှုပ်ရှားသူများနှင့်အတူ တက်ရောက်ခဲ့သည်။

လီနင်၏ ရုပ်အလောင်းကို ဒုတိယကမ္ဘာစစ်ကာလအတွင်း ဆိုက်ဘေးရီးယားသို့ ရက်ပေါင်း ၁၃၆၀ ရက် ပို့ဆောင်ထားသည်မှလွဲ၍ ၁၉၂၄ သြဂုတ် ၁ ရက်မှ စတင်ကာ
အဆိုပါ ဂူဗိမာန်တွင်း ထားရှိထားခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly