ရုရှ၊ အီရန်နှင့် မြောက်ကိုရီးယား ခြိမ်းခြောက်မှုများအရေး ဂျီ ရ ဝန်ကြီးများ စည်းဝေး

ရုရှ၊ အီရန်နှင့် မြောက်ကိုရီးယား ခြိမ်းခြောက်မှုများအရေး ဂျီ ရ ဝန်ကြီးများ စည်းဝေး

တိုရွန်တို၊ ဧပြီ ၂၃ ။                         ။ ဂျီ ရ စက်မှုနိုင်ငံများအုပ်စုမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဧပြီ ၂၂ ရက်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် တွေ့ဆုံစည်းဝေးကြသည်။

အစည်းအဝေးတွင် ရုရှ၏ ရန်စကျူးများနှင့် ပတ်သက်ပြီး အဓိကထားကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နျူကလီးယားသဘောတူညီမှုမှ နုတ်ထွက်သွားနိုင်မှု အခြေအနေနှင့်   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် စီစဉ်ထားသော ထိပ်သီးတွေ့ဆုံမှုတို့အပေါ်လည်း ဆွေးနွေးကြသည်။

ကမ္ဘာ့ချမ်းသာသော နို်င်ငံခေါင်းဆောင်များ၏ ဂျီ ရ ထိပ်သီးအစည်းအဝေးကို ကွီးဘတ်တွင် ဇွန်လအတွင်း ကျင်းပနိုင်ရေးကိုလည်း ယခုနိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးသည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ချာရိုင်းစတီးယားဖရီးလန်းက ယခုအစည်းအဝေးကို ဖွင့်လှစ်ပြီး တက်ရောက်လာသူများမှ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးများကို ဂုဏ်ပြုစကားဆိုသည်။

အစည်းအဝေးတွင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များပါ တက်ရောက်ခြင်း ဖြစ်သည်။ ယာယီအမေရိကန်နို်င်ငံခြားရေးဝန်ကြီး ဂျွန်ဆူလီဗန်က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗလိုနှင့် ပထမဆုံး တွေ့ဆုံခဲ့ပြီး ရုရှ၏ ကျူးကျော်မှုနှင့် ရင်ဆိုင်နေရသော ယူကရိန်းအတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းကို ကတိကဝတ်ပြုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly