ငွေကြေးအရှုပ်တော်ပုံကြောင့် ၀န်ကြီးချုပ်ဆင်းပေးရန် မလေးရှား တွင်ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

ငွေကြေးအရှုပ်တော်ပုံကြောင့် ၀န်ကြီးချုပ်ဆင်းပေးရန် မလေးရှား တွင်ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ငွေကြေးအရှုပ်တော်ပုံကြောင်း နှုတ်ထွက်ရန်တောင်းဆိုဆန္ဒပြပွဲများ မြို့တော်ကူလာလမ်ပူနေရာအနှံ့တွင် ပေါ်ပေါက်ပြီး ဆန္ဒပြပြည်သူထောင်ပေါင်း များစွာရှိ သည်။

ဝန်ကြီးချုပ် ရာဇက်၏ ဘဏ်အကောင့်အတွင်း အမည်မသိနိုင်ငံခြားအလှုရှင်တစ်ဦးက ဒေါ်လာ သန်း ၇၀၀ (ပေါင် ၄၅၅ သန်း) ထည့်သွင်းပေးထားသည့်အတွက် လူထုဒေါသထွက်ခြင်းဖြင့် ရင်ဆိုင်နေ ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ်၏ ဘဏ်အကောင့်စာရင်း အရှုပ်တော်ပုံအား ပြီးခဲ့သည့်လအတွင်းက စစ်ဆေးဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် နာဂျစ်က မည်သည့် လွဲမှားမှုတစ်ခုတစ်လေမှ ပြုမှုထားခြင်းမရှိကြောင်း ငြင်းဆန်သည်။

သြဂုတ် ၂၉ ရက်က လူစုလူဝေးဖြင့် ဆန္ဒပြခြင်းများသည် နောက်နေ့ သြဂုတ် ၃၀ ရက်အထိ ကူးစက်ဆက်လက်ဖြစ်ပွားနိုင်ခြေလည်း ရှိနေသည်။ ဒီမိုကရေစီထောက်ခံသော Bersih အုပ်စုက ကိုတာကီနာဘာလူနှင့် ကူချင်း မြို့များတွင် လူထုအား လမ်းပေါ်ထွက်ရန် ဆော်သြနေသည်။

ကူလာလမ်ပူအာဏာပိုင်များက ဆန္ဒပြသမှုများအတွက် ခွင့်ပြုချက်တောင်းခံခြင်းကို ပယ်ချခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly