အာဆင်နယ်နည်းပြသစ် လူးဝစ်အန်းနရစ်ဖြစ်လာဖွယ်ရှိ

အာဆင်နယ်နည်းပြသစ် လူးဝစ်အန်းနရစ်ဖြစ်လာဖွယ်ရှိ

 

ဧပြီ ၂၁၊ လန်ဒန်။                       ။ လူးဝစ် အန်းနရစ်သည် အာစင်ဝင်းဂါးနေရာကိုဆက်ခံပြီး အာဆင်နယ်နည်းပြသစ်ဖြစ်လာဖွယ်ရှိနေသည်။ ဘာစီလိုနာ နည်းပြဟောင်းအနေဖြင့် ရာသီကုန်တွင် အာစင်ဝင်းဂါးထွက်ခွာသွားသည်နှင့် အာဆင်နယ်နည်းပြရာထူးကို ချက်ချင်းလွဲပြောင်း ရယူနိုင်မည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် လူးဝစ်အန်းနရစ်နှင့်ရင်းနှီးသည့် အားကစားဒါရိုက်တာသစ် ရာအူးလ် ဆန်လယ်ဟီမှတစ်ဆင့် ချဉ်းကပ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ လန်ဒန်တွင် သီးသန့်တွေ့ဆုံခဲ့ကြပြီး အလေးနက်ထားဆွေးနွေးခဲ့ကြသည်ဟု ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

အကယ်၍ အန်းနရစ်ကိုနည်းပြခန့်အပ်မှုအကောင်ထည်ပေါ်လာပြီး ဘာစီလိုနာတိုက်စစ်မှူးမက်ဆီလည်း ပရီးမီးယားလိဂ်သို့ ပြောင်းချင်သည်ဆိုပါက အာဆင်နယ်အသင်းအတွက် အလေးသာလာနိုင်သည်။

အာစင်ဝင်းဂါးကမူ နယူးယော့ခ်စီးတီးနည်းပြ ဗီအဲရာကိုထောက်ခံထားသည်။ သို့သော် လူးဝစ် အန်းနရစ်သည် စပိန်ပြုပြင် ပြောင်းလဲရေးကို အာဆင်နယ်သို့ ဆောင်ယူလာမည့်သူဖြစ်သည်။

ဝင်းဂါး၏ ပြင်သစ်လွှမ်းမိုးမှုခေတ်ကုန်ဆုံးပြီးနောက် အန်းနရစ်ရောက်လာသည့်အခါ ဘာစီလိုနာပုံစံဥရောပလွှမ်းမိုးမှုဟန်ပန်က အာဆင်နယ်ပရိသတ်များကို စိတ်လှုပ်ရှားမှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

အန်းနရစ်သည် ပြီးခဲ့သည့်နှစ်တွင် ဘာစီလိုနာမှ ထွက်ခဲ့ပြီးနောက် အနားယူနေသူဖြစ်သည်။ ဘာစီလိုနာအသင်းကို သုံးနှစ်တာ ကာလအတွင်း အောင်မြင်မှုများရယူပေးခဲ့ပြီး လာလီဂါဖလားနှစ်လုံးနှင့် ချန်ပီယံလိဂ်ဖလားတစ်လုံးအပါအဝင် ဖလားကိုးလုံး ရယူပေးခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly