ဒိုမီနီကာနိုင်ငံတွင် အီရစ်ကာမုန်တိုင်းတိုက်ခတ်၍ လူ ၂၀ သေဆုံး

ဒိုမီနီကာနိုင်ငံတွင် အီရစ်ကာမုန်တိုင်းတိုက်ခတ်၍ လူ ၂၀ သေဆုံး

ကာရေဘီယန် ကျွန်းနိုင်ငံငယ်ဖြစ်သော ဒိုမီနီကာနိုင်ငံတွင် အပူပိုင်းမုန်တိုင်း အီရစ်ကာ ဝင်ရောက်ရာ လူ ၂၀ အနည်းဆုံးသေဆုံးပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

"ခုထိ သေဆုံးသူ ဦးရေ ၂၀ ရှိတာကို အတည်ပြုပေးနိုင်ပါတယ်။ တစ်ချို့တွေ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။"ဟု ဝန်ကြီးချုပ် ရိုဆီဗက်စကာရစ်က ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ဘာဘတ်ဒိုအခြေစိုက် ကာရေဘီယန်သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုဌာနက လူဦးရေ ၇၂၀၀၀ ရှိရာ ကျွန်းနိုင်ငံငယ်ပေါ်တွင် ယခုမုန်တိုင်းအတွင်း ပျောက်ဆုံးနေသူမှာ ၃၁ ဦးရှိကြောင်း ပြောသည်။

အပူပိုင်းမုန်တိုင်း အီရစ်ကာကြောင့် မိုးရေချိန် လက်မ ၁၅ လက်မအထိရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ကာ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများလည်း ပျက်စီးရသည်။

"အခုမျက်မြင် မုန်တိုင်းကြောင့် ပျက်စီးမှုတွေမြင်ရတာက ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအခြေအနေတွေကို နှစ် ၂၀ နောက်ပြန်ရောက်သွားစေသလိုပဲ။"ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly