နာမည်ကြီး ဒီဂျေသမား အာဗီချီ ကွယ်လွန်

နာမည်ကြီး ဒီဂျေသမား အာဗီချီ ကွယ်လွန်

 

ဧပြီ ၂၁ ။                    ။ ကမ္ဘာ့ အအောင်မြင်ဆုံး DJ သမားတွေအနက်က တစ်ဦးဖြစ်သည့် နာမည်ကြီး  ဒီဂျေ အာဗီချီ ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က အိုမန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်သာ ရှိသေးသည့် ဒီဂျေ အာဗီချီမှာ ယနေ့ လူငယ်များအကြား ရေပန်းစားနေခဲ့သည့် electronic music ဂီတကို ကမ္ဘာကျော်အောင် ကူညီပေါက်ဖွားပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

ဒီဂျေ သမားအဖြစ် နယ်လှည့်ဖျော်ဖြေမှုတွေကနေ အနားယူကြောင်း ပြီးခဲ့သည့် ၂ နှစ်အကြာက ဆိုင်းမဆင့်ဗုံမဆင့် ကြေညာထားခဲ့သည့် ဆွီဒင် ဒီဂျေ အကျော်အမော် အာဗီချီမှာ ယခုအခါ ပင်လယ်ကွေ့ဘုရင့်နိုင်ငံ အိုမန်မြို့တော် မက်စကက်သို့ ရောက်ရှိနေခိုက်မှာပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

၎င်း ကွယ်လွန်ရခြင်း၏ အကြောင်းရင်းကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း electronic အက ဂီတ ရေပန်းစားလာခဲ့ချိန်မှာပင် ပင်မ ဂီတရေစီးကြောင်းကနေ ဖောက်ထွက်ပြနိုင်ခဲ့သည့် ပထမဆုံးသော ဒီဂျေသမားများထဲတွင် အာဗီချီလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

အာဗီချီမှာ မကြာမီနှစ်များအတွင်းက ၎င်း၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုထားမှုများ ရှိခဲ့ပြီး ၎င်းမှာ အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ပန်ခရိယ ဝေဒနာနှင့် အခြားဝေဒနာများ ခံစားနေရကြောင်း ထုတ်ဖော်ထားခဲ့သူဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly