နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် တွေ့ဆုံ

ဧပြီ ၂၀ ။            ။ ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေလျက်ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၂၀ ရက်က ဟနွိုင်းမြို့၌ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ် ငုရင် ဖူထရောင်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နှစ်ရက်တာ တရားဝင်ခရီးစဉ်အဖြစ် ဗီယက်နမ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ယင်းခရီးစဉ်မှာလည်း အာဆီယံနိုင်ငံနှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံမှုကို တိုးမြှင့်စေရေး ရည်ရွယ်သွားရောက်ခြင်း ဖြစ်သည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ် ၀န်ကြီးချုပ် ငုရင် ရွှမ်ဖူနှင့် တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့်ရင်းနှီးမြုှပ်နှံမှုအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly