ဒါရန်ဝမ်နှင့် ချစ်သူဖြစ်နေပြီဆိုသော သတင်းများကို ကန်ဟန်နာဘက်မှ သုံးကြိမ်မြောက်ငြင်းဆန်

ဒါရန်ဝမ်နှင့် ချစ်သူဖြစ်နေပြီဆိုသော သတင်းများကို ကန်ဟန်နာဘက်မှ သုံးကြိမ်မြောက်ငြင်းဆန်

 

နာမည်ကြီးထိုင်ဝမ်မင်းသား ဒါရန်ဝမ်နှင့် ချစ်သူများဖြစ်နေကြပြီဆိုသောသတင်းများကို တောင်ကိုရီးယား မင်းသမီး ကန်ဟန်နာဘက်မှ သုံးကြိမ်မြောက်ငြင်းဆန်ခဲ့သည်။

ထိုသို့ သူတို့နှစ်ဦးချစ်သူများအဖြစ် ချိန်းတွေ့နေကြပြီဆိုသော ကောလဟာလများ ထပ်မံပေါ်ပေါက်လာရခြင်း မှာ ဒါရန်ဝမ်နှင့် ကန်ဟန်နာတို့နှစ်ဦး အီတလီသို့ အတူတကွရောက်ရှိနေသည့်ဓာတ်ပုံများ လူမှုမီဒီယာများပေါ်၌ ပြန့်နှံ့လာခြင်းကြောင့်ဖြစ်သည်။

ထိုသတင်းများကို တုံ့ပြန်သည့်အနေဖြင့် ကန်ဟန်နာဘက်မှ တာဝန်ရှိသူများက “ ကန်ဟန်နာနဲ့ ဒါရန်ဝမ်တို့ ဟာ အလွန်ကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့နှစ်ယောက် တွဲခုတ်နေကြတာမဟုတ်ပါဘူး။ သူမဟာ အားလပ်ချိန်ရတိုင်း ခရီးထွက်ရတာကို နှစ်ခြိုက်သူဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့မိတ်ဆွေအများအပြားနဲ့ အီတလီကို သွားလည်ခဲ့တာပါ” ဟု ဧပြီလ ၁၉ ရက်နေ့က ပြန်လည်ဖြေရှင်းခဲ့သည်။

ကန်ဟန်နာနှင့် ဒါရန်ဝမ်တို့နှစ်ဦးကို လွန်ခဲ့သော ၂၀၁၇ ခုနှစ် မတ်လတုန်းက ပထမဦးဆုံးအကြိမ်အဖြစ် အတူတကွ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နှစ်ဦးစလုံး၏အေဂျင်စီများက “သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ချိန်းတွေ့နေကြတာမဟုတ်ပါဘူး” ဟု ကြေညာခဲ့ဖူးသည်။

ဒါ့အပြင် ယခုလအစောပိုင်းကလည်း သူတို့နှစ်ဦးကို တရုတ်နိုင်ငံမှ နာမည်ကြီး ငါးစျေးတစ်ခု၌ အတူတကွ မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ဦးစလုံး၏ အေဂျင်စီများက သူတို့နှစ်ဦးမှာ ချစ်သူများမဟုတ်ကြောင်း ထပ်မံငြင်းဆန်ခဲ့ ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly