နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗီယက်နမ်ဝန်ကြီးချုပ်က သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗီယက်နမ်ဝန်ကြီးချုပ်က သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

 

ဧပြီ ၁၉ ။                      ။ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁၉ ရက်က ဟနွိုင်းမြို့ရှိ ဗီယက်နမ်သမ္မတ အိမ်တော်တွင် ဗီယက်နမ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အဆိုပါ ကြိုဆိုမှုအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ၀န်ကြီးချုပ် ငုရင်ရွှမ်ဖူတို့က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်ရွှမ်ဖူ၏ ဖိတ်ကြားချက်အရ ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နှစ်ရက်တာ တရားဝင်ခရီးစဉ်အဖြစ် ဗီယက်နမ်သို့ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly