People ၏ အထူးထုတ်မဂ္ဂဇင်းမျက်နှာဖုံး၌ စံပြမော်ဒယ်အဖြစ် အရွေးချယ်ခံခဲ့ရသည့် Pink

People ၏ အထူးထုတ်မဂ္ဂဇင်းမျက်နှာဖုံး၌ စံပြမော်ဒယ်အဖြစ် အရွေးချယ်ခံခဲ့ရသည့် Pink

ပေါ့ပ်ကြယ်ပွင့်အဆိုတော် Pink သည် People မဂ္ဂဇင်းမှ နှစ်စဉ်ဖြန့်ချီနေကြဖြစ်သော အထူးထုတ် အလှအပ မဂ္ဂဇင်း၏ မျက်နှာဖုံး၌ ရိုးသားမှုနှင့် မိမိကိုယ်မိမိယုံကြည်မှုတို့ကိုဖော်ညွှန်းသော စံပြမော်ဒယ်အဖြစ် ဗုဒ္ဓဟူးနေ့ က ရွေးချယ်ခံခဲ့ရသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဂရမ်မီဆုများပိုင်ရှင် အဆိုတော် Pink သည် သူမ၏ ကလေးနှစ်ဦးဖြစ်သော အသက် ၁၅ လ အရွယ်ရှိ ဂျိမ်းဆန်မွန်းနှင့် ၆ နှစ်အရွယ်ရှိ ၀စ်လိုးဆေ့ချ်တို့နှင့်အတူ “The Beautiful Issue” ဟု ခေါင်းစဉ်ပေးထားသော People ၏ အထူးထုတ်မဂ္ဂဇင်း၌ ဓာတ်ပုံဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

ယင်းအထူးထုတ်တွင် အခြားနာမည်ကျော် အမျိုးသမီး ရ၀ ဦးနှင့် အမျိုးသား ၅ ဦးတို့လည်း ဖော်ပြခံခဲ့ရပြီး Pink တို့မိသားစုမှာ မျက်နှာဖုံးစာမျက်နှာ၌ ရွေးချယ်ဖော်ပြခံရခြင်းဖြစ်သည်။

နှစ်စဉ်ဖြန့်ချီနေကြဖြစ်သော ယင်းမဂ္ဂဇင်းကို ယခင်က “အလှပဆုံးအမျိုးသမီး”ဟု ခေါင်းစဉ်ပေးထားခဲ့သော် လည်း အယ်ဒီတာချုပ်ဖြစ်သူ ဂျက်စ်ကေဂယ်လ်က ၄င်းတို့မဂ္ဂဇင်းမှာ အမျိုးသမီးအလှအပပြိုင်ပွဲကို ဖော်ပြထား ခြင်းမဟုတ်ပဲ လှပသောအရည်အသွေးရှိသူများကို ဖော်ပြခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ယင်းအထူးထုတ်မဂ္ဂဇင်းထဲ၌ ဖော်ပြခံထားရသူများထံတွင် လှပခမ်းနားသောအရည်အချင်းများဖြစ်သည့် စွမ်းအားကြီးမှု၊ လူသားဆန်မှုနှင့် အနုပညာမြောက်မှုတို့ရှိပြီး အရွယ်စုံ၊ ဆိုက်စုံ၊ အသားအရောင်စုံရှိသည့် အမျိုးသမီးများအပြင် အမျိုးသားအနည်းငယ်လည်း ပါ၀င်ကြောင်း ကေဂယ်လ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

Pink သည် သူမ၏ဂီတအနုပညာသက်တမ်း နှစ် ၂၀ ကျော်အတွင်း အောင်မြင်သောသီချင်းများနှင့် အင်အား ကောင်းသော ဖျော်ဖြေမှုများကြောင့် နာမည်ကျော်သူတစ်ဦးဖြစ်သည်။ သို့သော်လည်း People မဂ္ဂဇင်းကမူ ကောင်းမွန်သောမိဘတစ်ဦးအဖြစ် သူမ၏ သားသမီးများကို ထိန်းကျောင်းနိုင်ပုံအား ကြည့်ရှုရွေးချယ်ခြင်းဖြစ် သည်ဟု သိရသည်။

People ၏ ယင်းအလှအပအထူးထုတ်မဂ္ဂဇင်း၌ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မကြာခင်တွင်လက်ထပ် တော့မည့် သရုပ်ဆောင် မီဂန်မာကယ်လ်အပါအဝင် အခြားနာမည်ကြီးပုဂ္ဂိုလ်များပါ၀င်ပြီး အမေရိကန်၌ သောကြာနေ့တွင် ဖြန့်ချီမည်ဟု သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly