ကျပ်သိန်းပေါင်း ၄ဝ,ဝဝဝ တန်ဖိုးရှိ အိုက်စ်များ တာချီလိတ်တွင် ဖမ်းမိ

ကျပ်သိန်းပေါင်း ၄ဝ,ဝဝဝ တန်ဖိုးရှိ အိုက်စ်များ တာချီလိတ်တွင် ဖမ်းမိ

ရန်ကုန်၊ ဧပြီလ ၁၉ ။            ။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံအုပ်စု၊ လွယ်စီတုံကျေးရွှာအဝင်လမ်းတွင် ကျပ်သိန်းပေါင်း ၄ဝ,ဝဝဝ ခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက် ၈ နာရီ၊ ၅ဝ မိနစ်ခန့်အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ဝမ်လုံအုပ်စု၊ လွယ်စီတုံကျေးရွှာအဝင်လမ်းတွင် စောင့်ဆိုင်းနေရာမှ အဆိုပါ အိုက်စ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါနေရာတွင် ပိတ်ဆို့စောင့်ဆိုင်းနေစဉ် အားဂျာဆိုသူ မောင်းနှင်လာသည့် မော်တော် ယာဉ် အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ် ၆ အိတ်ဖြင့် ထည့်လျက် အလေးချိန် ၂ဝဝ ကီလိုရှိသည့် အိုက်စ်များကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ အသက် ၃၅ နှစ်အရွယ် အားဂျာဆိုသူကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သည့်အတွက် လက်ရှိ တွင် သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly