ကျူးဘားတွင် ကက်စထရို အုပ်ချုပ်မှု အဆုံးသတ်ရန် နီးလာ၊ သမ္မတသစ်အား လွှတ်တော်က ရွေးချယ်

ကျူးဘားတွင် ကက်စထရို အုပ်ချုပ်မှု အဆုံးသတ်ရန် နီးလာ၊ သမ္မတသစ်အား လွှတ်တော်က ရွေးချယ်

 

ဟာဗားနား၊ ဧပြီ ၁၉ ။                ။ ကျူးဘားနိုင်ငံတွင် ကက်စထရို ညီအစ်ကို၏ ဆယ်စုနှစ် ခြောက်ခုကြာ  အာဏာပိုင်စိုး အုပ်ချုပ်ထားမှုသည် အဆုံးရန် ချည်းနင်းရောက်ရှိလာပြီဖြစ်သည်။

ကျွန်းနိုင်ငံ၏ အမျိုးသားလွှတ်တော်က သမ္မတ ရာထူးအတွက် တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် နံပါတ်နှစ်ခေါင်းဆောင် မီဂေးလ်ဒီယက်ဇ်ကန်နဲလ်ကို ဧပြီ ၁၉ ရက်တွင် နာမည်စာရင်း တင်သွင်းလာခဲ့ခြင်းကြောင့်ပဲ ဖြစ်သည်။

လက်ရှိ ပထမလက်ထောက်သမ္မတဖြစ်ပြီး ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိဖြစ်သော ဆံပင်ဖြူဖြူနှင့် အသက် ၅၇ နှစ််အရွယ် မီဂေးအား သမ္မတ ရာအူးလ်ကက်စထရို၏ အရိုက်အရာ ဆက်ခံသူအဖြစ် ဧပြီ ၁၉ ရက်တွင် အတည်ပြု ခန့်အပ်မည်ဖြစ်သည်။ ရာအူးလ်ကက်စထရိုမှာ အစ်ကိုကြီးဖြစ်သူ ဖီဒဲလ်ကက်စထရို၏ အရိုက်အရာကို ဆက်ခံခဲ့သူ ဖြစ်သည်။

ဧပြီ ၁၈ ရက်က အမျိုးသားလွှတ်တော်သည် အသက် ၈၆ နှစ်အရွယ် ရာအူးကက််စထရို၏ အရိုက်အရာ ဆက်ခံမည့်သူအား သမိုင်းတင်နှစ်ရက်တာ အစည်းအဝေးဖြင့် ရွေးချယ်ရာ ကာရေဘီယံကျွန်းနိုင်ငံ၏ သမိုင်းတွင် ခေတ်သစ်တစ်ရပ်အား ရေးသားလာခြင်းပဲ ဖြစ်တော့သည်။

“ကွန်မြူနစ်ရဲဘော် မီဂေးကို နိုင်ငံတော်ကောင်စီရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ရခြင်းအတွက် ဂုဏ်ယူပါတယ်။”ဟု ကော်မရှင်အကြီးအကဲ ဂီဆီလာဒူအက်တီက လွှတ်တော်ကိုယ်စားလှယ်များအား ပြောသည်။

မီဂေးအား သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းကို ဧပြီ ၁၉ ရက်တွင် တရားဝင်အတည်ပြုမည်ဖြစ်သည်။ ယင်းနေ့ရက်ကား အမေရိကန် ကျောထောက်နောက်ခံပြုသော သူပုန်များက ဖြုတ်ချရေး ကြိုးစားလာသည်ကို ဖီဒဲလ်ကက်စထရိုက တွန်းလှန်ခဲ့သည့် ၁၉၆၁ Bay of Pigs ကျူးကျော်မှု နှစ်ပတ်လည်နေ့ ကျူးဘားနိုင်ငံတွင် ကျင်းပရာ နေ့ရက်အခါသမယလည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly