သြစတြေးလျသီလရှင်ကို ဖမ်းဆီးခြင်းအတွက် ဖိလစ်ပိုင်အား အခွင့်အရေးအဖွဲ့များ ပြင်းစွာဝေဖန်

သြစတြေးလျသီလရှင်ကို ဖမ်းဆီးခြင်းအတွက် ဖိလစ်ပိုင်အား အခွင့်အရေးအဖွဲ့များ ပြင်းစွာဝေဖန်

မနီလာ၊ ဧပြီ ၁၈ ။           ။ ပြီးခဲ့သည့် တစ်ရက်က ဖိလစ်ပိုင်အာဏာပိုင်များသည် အသက်အရွယ်ကြီး သြစတြေးလျ ကက်သလစ်သီလရှင်အား ဖမ်းဆီးခဲ့ခြင်းအတွက် အရပ်ဖက်အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ဝေဖန်ကြသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်ပြီး ဝေဖန်ကြသော နိုင်ငံခြားသားများကို နှိမ်နင်းခြင်းဖြစ်သည်ဟု ဧပြီ ၁၇ ရက်က အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်ကြခြင်း ဖြစ်သည်။

အသက် ရ၁ နှစ်ရှိ သီလရှင် ပတ်ထရစ်စီယာကို လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ဧပြီ ၁၆ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစစ်အဆေးမရှိဘဲ မကြာမီမှာပင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဒူတာတေး၏ လူအသေအဆုံးများသော မူးယစ်စစ်ပွဲကို ဝေဖန်သည့် အီးယူနိုင်ငံရေးသမားတစ်ဦးကို ပြည်နှင်ဒဏ်ပေးပြီး နောက်တစ်ရက်တွင် အဆိုပါ သီလရှင်ကြီးကို ဖမ်းဆီးခြင်းလည်း ဖြစ်သည်။

မနီလာတွင် နေထိုင်သူဖြစ်သော ပတ်ထရစ်စီယာသည် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ပြီး နေထိုင်ခွင့်အား ချိုးဖောက်ခြင်းအတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဗျူရိုက ထုတ်ပြန်သည်။

“ဒီစွပ်စွဲချက်ဟာ မမှန်ပါဘူး။ ပတ်ထရစ်စီယာဟာ ဖိလစ်ပိုင်မှာ နေထိုင်နေတာ ၂၇ နှစ်နီးပါး ရှိပြီး လယ်သမားတွေအရေးအတွက် လိုက်ပါကူညီပေးနေသူပါ။”ဟု ၎င်း၏ ရှေ့နေဖြစ်သူ အေအက်ဖ်ပီသို့ ပြောသည်။

ပတ်ထရစ်စီယာကို ဝရမ်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်၍ အခွင့်အရေးအဖွဲ့များက ယခုကဲ့သို့ ဝေဖန်ကြခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly