အမေရိကန် First Lady ဟောင်း ဘာဘာရာဘုရှ် အသက် ၉၂ နှစ်တွင် ကွယ်လွန်

အမေရိကန် First Lady ဟောင်း ဘာဘာရာဘုရှ် အသက် ၉၂ နှစ်တွင် ကွယ်လွန်
(ဓာတ်ပုံ - AFP)

ဝါရှင်တန်၊ ဧပြီ ၁၈

အမေရိကန်၏ သမ္မတကတော်ဟောင်းဖြစ်သူ ဘာဘာရာဘုရှ်သည် အသက် ၉၂ နှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံရေးသမိုင်းစဉ်ကောင်းသော ရီပတ်ဘရီကန်မိသားစုမှ အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းကြောင့် ၎င်းအတွက် ဝမ်းနည်းစိတ်မကောင်းမှုများ ဖြစ်စေသည်။

"အမေရိကန်ရဲ့ First Lady ဟောင်းတစ်ဦးဖြစ်ပြီး မိသားစုစာတတ်မြောက်ရေးကို မဆုတ်မနစ် ထောက်ခံအားပေးတဲ့ ဘာဘာရာဘုရှ်ဟာ ၂၀၁၈ ဧပြီ ၁၇ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။"ဟု ဂျော့အိတ်ချ်ဒဗလျူဘုရ်ရုံးက ထုတ်ပြန်သည်။ ၎င်းနှစ်ဦးမှာ နှစ်ပေါင်း ရ၃ နှစ်တာ အိမ်ထောင်ဖက် ပေါင်းဖက်ခဲ့ခြင်း ဖြစ်သည်။

ဘာဘာရာဘုရှ်သည် အထင်ကရ အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းအလယ် အဓိကပုံရိပ်ကောင်းရှိသော အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။

သမ္မတတစ်ဦး၏ ဇနီးမယား ဖြစ်ခဲ့သလို ဂျော့ဘုရှ်အငယ်ဟု ခေါ်စမှတ်ရှိသည့် သမ္မတ ဂျော့ဒဗလျူဘုရှ်၏ မိခင်လည်း ဖြစ်သည်။ ထိုပြင် ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်မှာလည်း ၎င်း၏ သားပင်ဖြစ်သည်။

ကျောင်းသူဘဝ အသက် ၁၆ နှစ်တွင် ခင်ပွန်းဖြစ်လာမည့်သူ ဂျော့ဘုရှ်အကြီးနှင့် စတင်ဆုံဆည်းသည်။ ဂျော့ဘုရှ်အကြီး ရေတပ်အရာရှိအဖြစ် စစ်မှုထမ်းဘဝ နုတ်ထွက်ချိန် ၁၉၄၅ ခုနှစ်တွင် ထိမ်းမြားအိမ်ထောင်ပြုခဲ့ကြသည်။

၎င်းတို့တွင် သားသမီး ခြောက်ဦး ထွန်းကားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly