ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဘိုင်ယန်ကွင်းလယ်လူ ဗီဒယ်

ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဘိုင်ယန်ကွင်းလယ်လူ ဗီဒယ်
(ဓာတ်ပုံ - အီးပီအေ)

ချီလီကွင်းလယ်လူ အာတူရို ဗီဒယ်ဟာ အောင်မြင်စွာ ဒူးဒဏ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ရာသီကုန်အထိ အနားယူရတော့မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ဒီရာသီ ဘွန်ဒီလီဂါဖလားကို ဆွတ်ခူးနှင့်ပြီးဖြစ်တဲ့ ဘိုင်ယန်အသင်းက ကစားသမားရဲ့ ခွဲစိတ်ကုသမှုကို တနင်္လာနေ့က ဂျာမနီနိုင်ငံ၊ အော့စ်ဘတ်ခ်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

“အာတူရို ဗီဒယ်အတွက် ဒီရာသီဟာ ပြီးဆုံးသွားပါပြီ။”လို့ ဘိုင်ယန်အသင်းက အင်္ဂါနေ့က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ တနင်္ဂနွေနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာပါ။

ဒါ့ကြောင့် ဗီဒယ်ဟာ အင်္ဂါနေ့မှာ လေဗာကူဆင်နဲ့ ဂျာမန်ဖလား ဆီမီးဖိုင်နယ်ကို လွှဲချော်မှာဖြစ်သလို ဧပြီ ၂၅ ရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း ပါဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly