ဘရာဇီးက အကျင့်ပျက်ခြစားမှုတွေကို လှောင်ပြောင်သည့်အနေဖြင့် Netflix က "အကျင့်ပျက်မှု စျေးဆိုင်" တွေကို ဖွင့်လှစ်

ဘရာဇီးက အကျင့်ပျက်ခြစားမှုတွေကို လှောင်ပြောင်သည့်အနေဖြင့် Netflix က "အကျင့်ပျက်မှု စျေးဆိုင်" တွေကို ဖွင့်လှစ်

ဘရာဇီးနိုင်ငံက လေဆိပ်တစ်ချို့မှာ "အကျင့်ပျက်သူတွေနဲ့သာ သက်ဆိုင်တဲ့ စျေးဆိုင်" တွေ ဆိုပြီး ဖွင့်လှစ်ရောင်းချနေတာကို ခရီးသွားဧည့်သည်တွေ ထူးထူးခြားခြား တွေ့နိုင်မှာဖြစ်ပါတယ်။

အဆိုပါ အကျင့်ပျက်မှု ဆိုင်တွေကို ဖျော်ဖြေရေး ကုမ္ပဏီကြီး Netflix က ဘရာဇီးလီးယားနဲ့ ဆော်ပေါ်လို လေဆိပ်တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဒါဟာ "The Mechanism"  ဆိုတဲ့ တီဗီ စီးရီးသစ်ကို ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ Netflix က ယခုလို ခြစားမှု စျေးဆိုင်တွေကို ဖွင့်လှစ်တာဖြစ်ပါတယ်။

ယင်း "The Mechanism"   စီးရီးကတော့ Operation Lava Jato လို့ ဆိုကြတဲ့ ဘရာဇီးနိုင်ငံက အကြီးတကာ့အကြီးဆုံး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီးတစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

လေဆိပ်တွေမှာ ဖွင့်ထားတဲ့ Netflix ရဲ့ အဆိုပါ " ခြစားမှု စျေးဆိုင်" တွေကတော့ တကယ့် ဆိုင်စစ်စစ်တွေ လိုမျိုး ဖြစ်ပေမယ့် ယင်းဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့အရာတွေ ဘာတစ်ခုကိုမှ ရောင်းချသွားမှာတော့ မဟုတ်ပါဘူး။

အဆိုပါ ဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့ အထဲမှာတော့ ခြေကျင်းဝတ်မှာ ပတ်ရတဲ့ ရွှေရောင် စောင့်ကြည့် ကိရိယာကွင်းတွေ၊ ငွေတွေကို အပြည့်အသိပ် လျို့ဝှက်ထည့်လို့ရနိုင်မယ့် အောက်ခံ အတွင်းခံ ဘောင်းဘီ၊ အဝတ်အစားတွေနဲ့ စာအုပ်စင်ပေါ်မှာလည်း နေအိမ်အကျယ်ချုပ်မသွားခင် လုပ်ရမယ့် အချက် ၁,၀၀၁ ဆိုတဲ့ လက်စွဲစာအုပ်လိုမျိုး ပစ္စည်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ယင်းတို့ကတော့ ဘရာဇီးနိုင်ငံမှာ အကျင့်ပျက်ခြစားသူ အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ရည်ညွှန်းလှောင်ပြောင်ထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags