မြိတ်ခရိုင်အတွင်း အကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၃၀၀ ဦး နီးပါး လွှတ်ပေး

မြိတ်ခရိုင်အတွင်း အကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၃၀၀ ဦး နီးပါး လွှတ်ပေး
ဓာတ်ပုံ-ဒီမိုးသွေး (မြိတ်)

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့၏ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသည့် အကျဉ်းသား  ၃၀၀ ဦး နီးပါးကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းခွင့်နှင့် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့တွင် လွတ်ပေးလိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းမှာ ရှိတဲ့ မြို့နယ် လေးမြို့နယ်အနက် မြိတ်အကျဉ်းထောင်မှ ၅၆ ဦး၊ တနင်္သာရီမြို့ ဆင်ဖြူရှင် လအကျဉ်းထောင်မှ ၉၂ ဦး၊ ပလောက်မြို့နယ် နတ်စင်ကုန်း အကျဉ်းထောင်မှ ၄၄ ဦး စုစုပေါင်း ၂၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရသည်။

“ ခရိုင်အတွင်းမှာ ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ဦးရေကတော့ ၂၉၃ ဦးကို လွတ်ပေးလိုက်တာ ဖြစ်ပါတယ်၊ ဒီအထဲမှာမှ ပြစ်မှုပြစ်ဒဏ်များ အများဆုံးနဲ့ လွတ်လာတဲ့ သူတွေကတော့ မူးယစ်ဆေး သုံးစွဲတဲ့ ပြစ်ဒဏ်နဲ့ အကျဉ်းကျခံနေရတဲ့ သူတွေ လွတ်လာတာ ပိုများတယ်” ဟု မြိတ်အကျဉ်းထောင်မှ တာဝန်ခံ အရာရှိ လက်ထောက် ညွန်ကြားရေးမှူး နိုင်စိုးလင်းက ပြော သည်။

မြိတ်ခရိုင်အတွင်းရှိ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် အကျဉ်းသားများအနက် အမျိုးသမီး တချို့လည်း ပါ၀င်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly