သံလွင်ပင်တွေကို သေစေတဲ့ အပင်ရောဂါပိုးတစ်မျိုး ပြင်သစ်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

သံလွင်ပင်တွေကို သေစေတဲ့ အပင်ရောဂါပိုးတစ်မျိုး ပြင်သစ်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက အီတလီတောင်ပိုင်းမှာ သံလွင်ပင်တွေကို သေကျေပျက်စီးစေခဲ့တဲ့ ဘက်တီးရီးယား ရောဂါပိုးတစ်မျိုးကို ယခုအခါ ပြင်သစ်နိုင်ငံမှာ ပထမဆုံးအနေနဲ့  တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံ Corsica ကျွန်းပေါ်မှာ တွေ့ရှိရတဲ့ အဆိုပါ အပင်ရောဂါပိုးအတွက် ကုသမှု နည်းလမ်းကိုတော့ ယခုအချိန်ထိ ဘယ်သူကမှ ရှာတွေ့ခြင်း မရှိသေးပါဘူး။

Xylella fastidiosa လို့ခေါ်တဲ့ အဆိုပါ သံလွင်ပင်တွေ သေစေနိုင်တဲ့ ပိုးကို ကျွန်းပေါ်က သံလွင်ပင်တွေမှာ တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ ပိုးနဲ့ပတ်သက်လို့ နိုင်ငံအနောက်ပိုင်း ဓာတ်ခွဲခန်းတစ်ခုမှာ အသေးစိတ် လေ့လာနေလျက်ရှိကြောင်း Corsica ကျွန်းက သံလွင် စိုက်ပျိုးသူများအသင်းချုပ်  SIDOC က ထုတ်ပြန်ပါတယ်။

ယခုတစ်ကြိမ် ပြင်သစ်မှာ တွေ့ရတဲ့ ပိုးအမျိုးအစားကတော့ အီတလီမှာ တွေ့ရတဲ့ ပိုးလောက်တော့ သေကျေနိုင်မှု အား နည်းပါးတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ပြင်သစ်ရဲ့ မြေထဲပင်လယ်ကျွန်းပေါ်မှာက သံလွင်ပင်တွေက ဟက်တာပေါင်း သုံးသိန်းကျော် ဖုံးလွှမ်းထားတာကြောင့် ခုလို အပင်တွေ ညစ်ညမ်းပျက်စီးနိုင်မှုကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကတော့ တိုင်းတာလို့ မရအောင် ကြီးမားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြင်သစ်ရဲ့ Corsica ကျွန်းပေါ်က သံလွင်ဆီ ထုတ်လုပ်ရောင်းချမှု ကဏ္ဍကတော့ တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ရ သန်း ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly