ချင်းတွင်းသင်္ကြန်တွင် လူသေဆုံးမှုနှင့် ကြီးမားသည့်မှုခင်း ဖြစ်ပွားခြင်းမရှိဟု ဝန်ကြီးချုပ်ပြော

ချင်းတွင်းသင်္ကြန်တွင် လူသေဆုံးမှုနှင့် ကြီးမားသည့်မှုခင်း ဖြစ်ပွားခြင်းမရှိဟု ဝန်ကြီးချုပ်ပြော
ချင်းတွင်းသြင်္ကန်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ချင်းတွင်းသင်္ကြန် ပွဲတော်တွင် လူသေဆုံးမှုနှင့် ကြီးမားသည့် မှုခင်းဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားလိုက်သည်။

မုံရွာမြို့ မြို့တော်ခန်းမတွင် ဧပြီလ ၁၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ချင်းတွင်းသင်္ကြန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ချင်းတွင်းသင်္ကြန်ပွဲတော်ကြီး ကျင်းပခဲ့တဲ့ တစ်လျှောက် လူသေဆုံးတာတွေ ကြီးမားတဲ့ မှုခင်းဖြစ်ပွားခြင်းတွေ မရှိခဲ့ပါဘူး။ အများပြည်သူတွေအကုန်လုံး ပူးပေါင်းပါဝင်ခဲ့လို့ အခုလိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာပါ ။ ဒီပွဲကြီးက မျှော်မှှန်းထားတာထက်တောင် ပိုစည်ကားခဲ့သည်" ဟု ဝန်ကြီးချုပ်က ပြောသည်။

ရှင်းလင်းပွဲတွင် ပွဲတော်အတွင်း ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ယာဉ်တိုက်မှုများ၊ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ပွဲတော်ကျင်းပအပြီး အခြေအနေများကို ဝန်းကြီးချုပ် ဒေါက်တာမြင့်နိုင့်ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။

ချင်းတွင်းသင်္ကြန်ပွဲတော်နှင့် ပက်သက်၍ မြို့ခံတွေအကြား လူမှုကွန်ယက်စာမျက်နှာပေါ်များတွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အစည်ကားဆုံး သင်္ကြန်ပွဲတော် တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် သင်္ကြန်အကျ၊အကြတ်နေ့နှင့် အတက်နေ့တွင် ချင်းတွင်းသင်္ကြန် Beach Zone ပြင်ပ၌ ရေနစ် သေဆုံးသည့် ရုပ်အလောင်း (၃)လောင်း ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly