သင်္ကြန်ကာလအတွင်း မန္တလေးတွင် ဖမ်းဆီးမှုများ

သင်္ကြန်ကာလအတွင်း မန္တလေးတွင် ဖမ်းဆီးမှုများ
(ဓာတ်ပုံ၊ ဦးကျော်ဇောအောင်)

မန္တလေးမြို့တော်မဟာသင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ဘီယာပုလင်းဗူးမျိုးစုံ ၄၅၀ဗူး၊ အရက်မျိုးစုံ ၁၆၉ပုလင်း၊ nozzel ပိုက်ခေါင်းမျိုးစုံ ၆၀ခေါင်း သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ဆိုင်ကယ်၊ကား အပ်နှံရေးဆိုင်များမှ သတ်မှတ်ကြေးထက်ပိုမိုကောက်ခံသည့်ဆိုင် ၈ ဆိုင်၊တရားမဝင် ဆိုင်ကယ်၊ ကား အပ်နှံရေးဆိုင် ၅၃ ဆိုင် စီစစ်အရေးယူခဲ့ပြီး ပိုမိုကောက်ခံခဲ့သည့် လေလံရ ဆိုင်ကယ်၊ကား အပ်နှံရေးဆိုင် ၈ ဆိုင်ကို black list ထည့်သွင်းပြီး အရေးယူသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်ကဆိုသည်။

"ဘယ်နှစ်ကမှဒီလောက်မမိပါဘူး။နောက်နှစ်ဒီထက်ပိုကြိုးစားပါမယ်။"ဟု ဦးကျော်ဇောအောင်ကပြောသည်။

သင်္ကြန်ကာလအတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာပျော်ရွှင်စေရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ။အခွန်ဌာနမှ ဒုတိယဌာနမှူး၊ ဌာနခွဲမှူးများအခွန်ဌာနဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့က ယခုလို စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly