နိုင်ငံခြားသား ဂျာနယ်လစ်များကို အင်ဒိုနီးရှားက ပိုမိုတင်းကျပ်စွာ ထိန်းချုပ်မည်

နိုင်ငံခြားသား ဂျာနယ်လစ်များကို အင်ဒိုနီးရှားက ပိုမိုတင်းကျပ်စွာ ထိန်းချုပ်မည်

ဂျာကာတာ၊ သြဂုတ် ၂၉ ။        ။ နိုင်ငံခြားသားဂျာနယ်လစ်များအားလုံးလိုက်နာရမည့် စည်းကမ်းဥပဒေ သစ်တစ်ခုကို ပြဋ္ဌာန်းရန် အစိုးရကပြင်ဆင်နေသည်ဟု အင်ဒိုနီးရှားပြည်ထဲရေး ဝန်ကြီးဋ္ဌာနက သြဂုတ် ၂၇က အတည်ပြုခဲ့သည်။

နိုင်ငံခြားသားဂျာနယ်လစ်များအနေဖြင့် စည်းမျည်းသစ်အရ အင်ဒိုနီးရှားတွင် လုပ်ဆောင်မည့် ၄င်တို့၏ တာဝန်များနှင့် ပတ်သက်၍ အသေးစိတ်ကိုမြူနီစီပယ်နှင့်ပြည်နယ် ဆိုင်ရာအာဏာပိုင်များ ထံသို့ပေးပို့ ရမည့်အပြင် အမျိုးသားထောက်လှမ်းရေးအေဂျင်စီသို့ပါပေးပို့ရမည်ဟု ဆိုသည်။

ဦးဆောင်အဖွဲ့အစည်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အင်ဒိုနီးရှားတွင် နိုင်ငံခြားသားများကို ကြီးကြပ်ရာတွင် တာဝန်ယူရသော ဝန်ကြီးဋ္ဌာနများနှင့် နိုင်ငံတော်အဖွဲ့အစည်းများက အင်ဒိုနီးရှား ရှိနိုင်ငံခြားသားဂျာနယ်လစ်များ၏ အပြုအမူအားလုံးကိုစောင့်ကြည့်ရန် အရေးကြီးကြောင်း သဘောတူညီခဲ့ကြပြီးနောက် အဆိုပါစည်းမျဉ်းသစ်ကိုနောက် ဆက်တွဲပေါ်လစီ အဖြစ်ရေးဆွဲခဲ့ခြင်းဖြစ်သည် ဟုပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ နိုင်ငံရေးနှင့် အထွေထွေ အုပ်ချုပ်ရေးဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဆိုဒါမိုကပြောသည်။

စည်းမျဉ်းသစ်အရ နိုင်ငံခြားသားဂျာနယ်လစ်များအနေဖြင့် ၎င်းတို့သတင်းယူချင်သောဒေသရှိ အာဏာပိုင်ထံမှ ခွင့်ပြုချက်တောင်းခံရန်လိုအပ်မည်ဖြစ်ပြီး ယင်းဂျာနယ်လစ်များ စည်းမျဉ်းသစ်များကို လိုက်နာရန် သတိပေးရမည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက စာထုတ်ထားကြောင်း ၎င်းကပြောသည်။

စည်းမျဉ်းသစ်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတွင် နိုင်ငံခြားသားများလည်ပတ်မှုညိနှိုင်းရေးအဖွဲ့ဖွဲ့ထားသည်ဟု ဆိုဒါမိုက ဆိုသည်။ ၎င်းအဖွဲ့တွင် အမျိုးသားထောက် လှမ်းရေးအေဂျင်စီ၊ အမျိုးသားရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်သည့်အဖွဲ့အစည်းများပါဝင်သည်။ စည်းမျဉ်းသစ်အရ နိုင်ငံခြားသားဂျာနယ်လစ်များသည် အင်ဒိုနီးရှားရှိ မည်သည့်ဒေသမဆို သတင်းလုပ်ငန်း များမဆောင်ရွက်မီ စီစဉ်ထားသည့် အကြောင်းအရာများကို သက်ဆိုင်ရာသို့ အစီရင်ခံရမည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသည် အဆိုးပါစည်းမျဉ်းကို အပြီးသတ်တော့မည်ဟု ယင်းဝန်ကြီးဋ္ဌာန သတင်းအချက်အလက်နှင့် မီဒီယာဒါရိုက်တာ ဆိုဖီယာသုဓမ္မက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly