သင်္ကြန်တွင် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မျက်နှာဖုံးစွပ်များကို ရဲတပ်ဖွဲ့ သိမ်းဆည်း

သင်္ကြန်တွင် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မျက်နှာဖုံးစွပ်များကို ရဲတပ်ဖွဲ့ သိမ်းဆည်း

မဟာသင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်နှာဖုံးစွပ် ၀တ်ဆင်လာ သူများကိုလည်း မှုခင်းကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ပြီး အရှေ့ပိုင်းခရိုင်မှ အများဆုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေကစားမဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံမော်တော်ယာဉ် များပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် တုတ်၊ ဓားလက်နက်များနှင့် အရက်၊ ဘီယာပုလင်းများကို အန္တရာယ်ဖြစ်စေအောင် လက်နက်သဖွယ်အသုံးပြုလာနိုင်သဖြင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့သည်။

သင်္ကြန်အတက်နေ့တွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ အရက်ပုလင်း မျိုးစုံ ၄၆၅ ပုလင်း၊ မျက်နှာဖုံးစွပ် ၁၅၀ခု၊ စပရေးဘူး ရ၃ဘူးနှင့် တုတ် ရ ချောင်းတို့အား သိမ်းဆည်းခဲ့သည်။ မြောက်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ အရက်ပုလင်းမျိုးစုံ ၁၄၅ ပုလင်း၊ မျက်နှာဖုံးစွပ် ၁၁၂ ခု၊ စပရေးဘူး ၆ ဘူး၊ တုတ်ဓားလက်နက် ၃၀ ခုနှင့် ၀က်အူလှည့် ၆၉ ချောင်းတို့အားလည်းကောင်းသိမ်းဆည်းရမိခဲ့သည်။

အနောက်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ မျက်နှာဖုံးစွပ် ရ၈ ခု၊ စပရေးဘူး ၃၀၃ဘူး၊ အရက်ပုလင်းမျိုးစုံ ၅၇၈ ပုလင်း၊ တုတ် ၂၆ ချောင်းတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။  

တောင်ပိုင်း ခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ အရက်ပုလင်းမျိုးစုံ ၆၉ ပုလင်း၊ မျက်နှာဖုံးစွပ် ရ၄ ခု၊ စပရေးဘူး ၂၂ ဘူးနှင့် တုတ်ဓားလက်နက် ၃၆ ချောင်းတို့အားလည်းကောင်း၊ အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly