မန္တ​လေးရှိ ရေပက်ခံမဏ္ဍပ်တွင် ကျောက်ခဲဖြင့် ထုခဲ့သူများကို ဖမ်းဆီး

မန္တ​လေးရှိ ရေပက်ခံမဏ္ဍပ်တွင် ကျောက်ခဲဖြင့် ထုခဲ့သူများကို ဖမ်းဆီး

မန္တ​လေးတိုင်​း​ဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ​သင်္ကြန်​လည်​ပတ်​​နေသည်​့ ကိုနိုင်​နိုင်​​အောင်​ဆိုသူအပါအဝင်​ ၁၄ ဦးအား ​ကျောက်​ခဲဖြင်​့ထုခဲ့သူများကို ဖမ်​းဆီးရမိပြီဖြစ်​​ကြောင်​း မန္တ​လေးတိုင်​း ရဲတပ်​ဖွဲ့မှ ယ​နေ့ ဧပြီလ ၁၆ ရက်​တွင်​ သတင်​းထုတ်​ပြန်​ထားသည်​။

ပြီးခဲ့သည်​့ ဧပြီလ ၁၄ ရက်​၊ ည​နေ ၄ နာရီအချိန်​တွင်​ ကိုနိုင်နိုင်အောင်ဆိုသူအပါအဝင်​ ၁၄ ဦး တင်​​ဆောင်​လာ​သော ​မော်​​တော်​ယာဉ်​မှာ သင်္ကြန်လည်ပတ်စဉ် အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၂x၂၃ လမ်း ကြားအရောက် ​ကားကြပ်နေသဖြင့် ရှေ့တွင်ရပ်ထားသည့် ဂျစ်ကားအားကျော်တက်ခဲ့​ကြောင်​း သိရသည်​။ ထိုသို့ ​ကျော်​တက်​ကာ ​ရှေ့တွင်​ရပ်​ထားစဉ်​ ဂျစ်​ကား​ပေါ်မှ လူ ရ ဦးဆင်​းလာပြီး ဆဲဆိုကြိမ်းဝါးပြီး အမျိုးသားတစ်ဦးမှ ခဲနှင့်ထုသဖြင့် ကိုနိုင်နိုင်အောင်၏တူဖြစ်သူ အသက် ၁၃ နှစ်အရွယ် ​​​ထွန်းမင်းမြတ် မျက်နှာသို့ ထိမှန်သဖြင့် ​နှာခေါင်းရိုး/ပါးရိုးကျိုးဒဏ်ရာများရရှိခဲ့သည်​။

အဆိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ​​​​​​ရဲတပ်​ဖွဲ့မှ စုံစမ်​းရှာ​ဖွေခဲ့ရာ ယာဉ်မောင်းဖြစ်သူမှာ ​တရုတ်ကြီး(ခ) ဆံရှည်ဖြစ်​ပြီး ဂျစ်ကားပိုင်​ရှင်​ဖြစ်​သူ ​​​ဇော်မင်းထွန်း(ခ)ဆံရှည်(ခ)တုတ်ကြီးဆိုသူကို အောင်မြေသာစံရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းမှ ဖမ်းဆီးရမိခဲ့​ကြောင်​း သိရသည်​။

ဂျစ်​ကားပိုင်​ရှင်​ထွက်​ဆိုချက်​အရ ကျံုးအနောက်ဖက် ရှိ ​ရေပက်မဏ္ဍပ်တွင် ၄င်းတို့ရပ်ထား​သော ကားအနောက်ဘက် အဖြူရောင်ကားပေါ်မှ လူငယ်​တစ်ဦးက ၎င်းတို့က်ို ဆဲဆိုရာမှ ပြဿနာ ဖြစ်ခဲ့ကြောင်း သိရသည်​။ ထို့ကြောင်​့ ၄င်းတို့ကားပေါ် ပါလာသည့် ကျော်ထက်ဟန်(ခ)ကျော်ကြီး(ခ) ကိုကြီး ဆိုသူက လမ်းဘေးရှိ ကျောက်ခဲတုံးဖြင့်ပစ်ခဲ့​ကြောင်​း သိရသည်​။

လက်ရှိတွင်​ အခင်​းဖြစ်​ပွားရာ၌ ပါဝင်​ခဲ့သူ ​အသက်​ ၁၉ နှစ်​အရွယ်​ အောင်မျိုးမင်းဆိုသူကို ထပ်​မံဖမ်​း ဆီးရမိထားပြီး အမှုတွဲတွင်ပါဝင်​သည်​့ ထွက်​​ပြေးလွတ်​​မြောက်​​နေသူများကို ရဲတပ်​ဖွဲ့မှ ဆက်လက်​​စုံစမ်​း ရှာ​ဖွေ​နေ​ကြောင်​းထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်​။

ထိုသို့ အခင်းဖြစ်ပွားရာတွင် ​​​ပါဝင်​ခဲ့သည်​့ ဂျစ်ကားပိုင်​ရှင်​ဖြစ်​သူ ​​ ဇော်မင်းထွန်း(ခ)ဆံရှည်(ခ)တုတ်ကြီး ဆိုသူ အပါအဝင်​ ရ ဦးကို အောင်မြေသာစံမြို့မရဲစခန်းတွင်​ (ပ)၁၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၆ အရ အမှုဖွင့်ပြီး ရှာ​ဖွေဖမ်​းဆီး​နေခြင်​းဖြစ်​​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly