မြန်မာ ယူ-၁၉ ကစားသမားအချို့ ကြိုးစားမှုမရှိ ဟု နည်းပြချုပ် ဝေဖန်

မြန်မာ ယူ-၁၉ ကစားသမားအချို့ ကြိုးစားမှုမရှိ ဟု နည်းပြချုပ် ဝေဖန်
မြန်မာယူ - ၁၉အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်။

၂၀၁၅ အာဆီယံ ယူ - ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက် ရွေးစင် ယူ-၁၉ အသင်းတွင် ကစားသမားအချို့ အင်တိုက်အားတိုက် ကြိုးစားမှုမရှိဟု မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က တီမော ယူ-၁၉ အသင်းနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် ဝေဖန်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် တီမော ယူ-၁၉ အသင်းနှင့်ပွဲတွင် ပွဲအစ တစ်မိနစ်အတွင်း တီမော အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပြီး ပွဲပြီးရန် နာကျင်အချိန်ပို နှစ်မိနစ်ရောက်မှသာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ကာ ပွဲအပြီးတွင် တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သည်။

" ကစားသမား တချို့ဟာ ကွင်းထဲရောက်ရင် ကိုယ့်အင်္ကျ ီရင်ဘတ်မှာ တပ်ထားတဲ့အလံ အတွက် အင်တိုက်အားတိုက် ကြိုးစားရမယ် ဆိုတာကို မေ့သွားကြတယ်။ တီမောလို အားနည်းတဲ့ အသင်း ကိုတောင် ကျွန်တော်တို့ အနိုင်မကစား နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက်များစွာ ရှိခဲ့ပါ တယ်။ ကျွန်တော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ " ဟု မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဇီဆီက အသင်းနှင့်ပတ်သက်၍ ဖွင့်ဟဝေဖန်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲကစားပြီးချိန် ၌ တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ်လေးမှတ်ရရှိကာ ဗီယက်နမ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်လျော့နည်းပြီး အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်း သည် သြဂုတ်လ ၂၉ ရက် မြန်မာစံတော်ချိန် ည ၆း၃၀ တွင် မလေးရှား ယူ-၁၉ အသင်းနှင့် အုပ်စု တတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly