မက္ကဆီကိုမြို့ထဲမှာ သီတင်းပတ်များစွာကြာ လွတ်နေခဲ့တဲ့ မျောက်ကို ပြန်လည် ဖမ်းမိ

မက္ကဆီကိုမြို့ထဲမှာ သီတင်းပတ်များစွာကြာ လွတ်နေခဲ့တဲ့ မျောက်ကို ပြန်လည် ဖမ်းမိ

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ သီတင်းပတ်များစွာကြာ လွတ်နေခဲ့တဲ့ မျောက်ငယ်တစ်ကောင်ကို သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

မြို့တွင်း နေအိမ်တစ်အိမ်ကနေ လွတ်သွားပြီး မြို့ထဲက သစ်ပင်တွေပေါ်မှာ ပုန်းအောင်းနေထိုင်နေခဲ့တဲ့ capuchin မျောက်ငယ်တစ်ကောင်ကို ယခုအခါ ပြန်လည် ဖမ်းမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မျောက်လေးကတော့ အနီးအနား ဖြတ်သွားဖြတ်လာတွေ ကြံုသလိုကျွေးတဲ့ အစားအစာတစ်ချို့ကို သာ စားခဲ့ရတာကြောင့် ပြန်ဖမ်းမိချိန်မှာ ကိုယ်အလေးချိန် လျော့ကျနေတယ်လို့ အဆိုပါ မြို့တွင်း တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

Lomas Altas အရပ်မှာ အဆိုပါ မျောက်ကို ပြန်လည်ဖမ်းမိချိန်မှာတော့ ထုံဆေးမြှားတစ်ချောင်း စိုက်လျက်သား တွေ့ရှိခဲ့ရပါတယ်။

ယခုအခါမှာတော့ ယင်းမျောက်ကို မြို့တွင်း Chapultepec တိရိစ္ဆာန်ရုံမှာ သီးသန့်ခွဲပြီး ထိန်းသိမ်းထားပါတယ်။

ယင်းမျောက်လွတ်နေခဲ့စဉ်တုန်းကတော့ ယင်းကို ပြန်ရှာတွေ့ဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ရှိသူတွေက လက်ကမ်းကြော်ငြာစာတွေတောင် ကမ်းခဲ့ရတာကြောင့် ယင်းမျောက်ပျောက်ရှာပုံတော် သတင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာတောင် လူရယ်စရာကိစ္စအဖြစ် ဟိုလေးတစ်ကျော် ဖြစ်ခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags