ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာနှင့် ​ဆက်စပ်ပစ္စည်းများ လဲချားတွင်​ ဖမ်​းမိ

ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာနှင့် ​ဆက်စပ်ပစ္စည်းများ လဲချားတွင်​ ဖမ်​းမိ

ရှမ်​းပြည်​နယ်​၊ လဲချားမြို့နယ်​တွင်​ မူးယစ်​​ဆေးဝါးချက်​လုပ်​ရာတွင်​ အသုံးပြုသည်​့ ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာနှင့် ​ဆက်စပ်ပစ္စည်းများ ဖမ်​းဆီးရမိခဲ့​ကြောင်​း ပြည်​ထဲ​ရေးဝန်​ကြီးဌာနမှ သတင်​းထုတ်​ပြန်​သည်​။

ဧပြီလ ၁၃ ရက်​်​၊ ​နေ့လည်​ ၁၂ နာရီအချိန်​ခန်​့ မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်​​သော ပူး​ပေါင်​းအဖွဲ့မှ ချားမြို့နယ်၊ ဝမ်ကန်ကျေးရွာ၊ ဝမ်ကန်တပ်စခန်းအနီးတွင် အောင်ဝင်း(ခ)တုံးလီဟန်ဆိုသူ မောင်းနှင် လာ​သော ၁၂ ဘီးယာဉ်​အား ရပ်​တန်​့စစ်​​ဆေးရာ အဆိုပါ အက်​စစ်​များကို ဖမ်​းဆီးရမိခဲ့ခြင်​းဖြစ်​​ကြောင်​းသိရသည်​။

ယင်​း ၁၂ ဘီးယာဉ်​​ပေါ်မှ ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာ၊ ပေါင်အိုးအကြီး ၃ လုံး၊ ပေါင်အိုးအသေး တစ်လုံး၊ ကြွေထည်ကတော့အကြီး ၄ ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုး ရ လုံး၊ဆေးရည်(အက်ဆစ်)စုပ်ပိုက်ချောင်းတို ရ၄ ချောင်း၊ ဆေးရည် (အက်ဆစ်)စုပ် ဖန်ဆေးထိုးပြွန် ၃၂ ချောင်း၊ ဆေးရည်(အက်ဆစ်) ဒီဂရီ တိုင်းပြွန် ၃ ချောင်း၊ ဂက်စ် ပိုက်အဆက် ၁၂၀ ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုးရာဘာအဆို့ ၃၀ ခု တို့ကို သိမ်းဆည်းရမိခဲ့ခြင်​းဖြစ်​​သည်​။

ထိုသို့ သိမ်​းဆည်​းရမိခဲ့သဖြင်​့ အသက်​ ၂၆ နှစ်​အရွယ်​ အောင်ဝင်း(ခ)တုံးလီဟန်အား လက်​ရှိတွင်​ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ သက်​ဆိုင်​ရာရဲစခန်​းတွင်​ အရေးယူထားကြောင်းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly