သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲမှ ချက်ချင်းကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်

သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲမှ ချက်ချင်းကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်

၁၃၇၉ ခုနှစ် မဟာသင်္ကြန်တွင် အများပြည်သူ အေးချမ်းစွာရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ချက်ခြင်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည် ကြေညာထားသည်။

သင်္ကြန်ပွဲတော်ကာလတွင်  လုံခြံုရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အချိန်ပြည့် ဆောင်ရွက်နေပြီး အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းအမှတ် 199၊ 012323199 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ခရိုင် ၄ ခရိုင် တွင် စုစုပေါင်းရေကစား မဏ္ဍပ် ၁၄၈ ခုပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

မူးယစ်ရမ်းကားမှုများ၊ ရေကစားသူအချင်းချင်း ခိုက်ရန်ဖြစ်ပွား မှုများမရှိစေရေး ဆောင်ရွက်နေပြီး ပြစ်မှု ကျူးလွန်ပါက မဟာသင်္ကြန်အတွင်း အထူးတရားရုံးမှ နေ့ချင်းပြီး ပြစ်ဒဏ်ချမှတ်ဆောင်ရွက်နေသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၀၂၀၀ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်၊ ရွှေသပြေ လမ်းမပေါ်တွင် ဓားကိုင်သောင်းကျန်းနေသော အမျိုးသားတစ်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း (ပ)၇၁၂/ ၂၀၁၈၊ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူအား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အထူးတရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ နေ့ချင်းပြီးစစ်ဆေးပြီး အလုပ်နှင့်ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly