မန္တလေးတွင် မြို့နယ် ရ မြို့အပါအဝင် မြို့ဝင်ဂိတ်များ ပိတ်ဆို့စစ်ဆေးနေ

မန္တလေးတွင် မြို့နယ် ရ မြို့အပါအဝင် မြို့ဝင်ဂိတ်များ ပိတ်ဆို့စစ်ဆေးနေ

မဟာသင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ် ရ မြို့နယ်အပါအဝင် မြို့ဝင်ဂိတ်များအား ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အများပြည်သူ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရေးအတွက် ဧပြီလ ၁၃ ရက်၊ မဟာသင်္ကြန်အကြိုနေ့မှစတင်ကာမန္တလေးမြို့ပေါ် (၇)မြို့နယ်၊ နေရာ(၂၅) နေရာတို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးမြို့ဝင်ဂိတ်များဖြစ်သော မတ္တရာ−မန္တလေးလမ်းပေါ်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်−မန္တလေးလမ်းပေါ်ရှိ (၁၆)မိုင်စစ်ဆေးရေး ဂိတ်၊ ကျောက်ဆည်−မန္တလေးလမ်းပေါ်ရှိ မြစ်ငယ်တံတား စစ်ဆေးရေးဂိတ်၊ တံခွန်တိုင်အဝိုင်း၊ စစ်ကိုင်း−မန္တလေး စစ်ကိုင်းတံတားထိပ်နှင့် ရတနာပုံတံတားထိပ်တွင်လည်း ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

" မနေ့က စပြီး လုပ်ဆောင်နေတာပေါ့။ ဓားတွေ၊ စကူတွေ၊ အရက်တွေသိမ်းဆည်းရမ်ိတယ်။ အများပြည်သူအတွက် ဒီလို ရှာဖွေစစ်ဆေးမှုလုပ်မှ အဆင်ပိုပြေနိုင်မယ်။ ကျွန်တော်တို့ လုံခြံုရေးအင်အား အပြည့်အဝနဲ့ လုပ်ဆောင်ပေးနေပါတယ်"ဟု လုံခြံုရေးဆောင်ရွက်ပေးနေသည့် ရဲအရာရှိတစ်ဦးက မဇ္စျိမသို့ပြောသည်။ 

မြစ်သားမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိဗဟိုမဏ္ဍပ်ရှေ့တွင်လည်း ဧပြီလ ၁၃ ရက်၊ နံနက် ၁ဝ ခန့်အချိန်က အသက် ၁၇ နှစ်အရွယ် ထွန်းထွန်းနိုင်(ခ)ရားရားဆိုသူ၏ ခါးကြားအတွင်းမှ အရိုးအသွား ၁၁ လက်မ ခန့်ရှိ သစ်သားရိုးတပ်ဓားဦးချွန် ၁ ချောင်းအားတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် ထွန်းထွန်းနိုင် (ခ)ရားရား ဆိုသူအား မြစ်သားမြို့မရဲစခန်း (ပ)၉၇/၂၀၁၈ လက်နက် ဥပဒေ ပုဒ်မ ၁၉(င)အရ အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly