ဘယ်လ်ဂျီယမ်နိုင်ငံသားရောဘတ်ကို နည်းစနစ် ဒါရိုက်တာပြန်ခန့်ရန် ရတနာပုံ စီစဉ်

ဘယ်လ်ဂျီယမ်နိုင်ငံသားရောဘတ်ကို နည်းစနစ် ဒါရိုက်တာပြန်ခန့်ရန် ရတနာပုံ စီစဉ်
ရတနာပုံအသင်းတွင် နည်းစနစ်ဒါရိုက်တာဖြစ်လာဖွယ်ရှိသည့် ရောဘတ်။

ယခုနှစ်ဘောလုံးရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဖြစ်ရန် ရည်မှန်းထား သည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအက်ဖ်စီအသင်းသည် အသင်းအောင်မြင်မှု များပြန်လည် ရယူနိုင်ရေးအတွက် ဘယ်လ်ဂျီယမ်နိုင်ငံသား ရောဘတ်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ပြန်လည်ခန့်အပ်ရန် စီစဉ်နေသည်။

ရောဘတ်မှာ ရတနာပုံအသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရတနာပုံ အသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ဖလားချန်ပီယံ၊ မြန်မာနေ ရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ၊ AFC President's Cup ချန်ပီယံဆုများ ရရှိရန် ကူညီစွမ်းဆောင်ပေး နိုင်ခဲ့သည်။

“အသင်းမှာ အုပ်ချုပ်မှုနဲ့ နည်းစနစ် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ယူဆတယ်။ ရာသီအစမှာ AFC Cup အုပ်စုအဆင့်က ထွက်ခဲ့ရသလို ကစားသမားတွေအကြားမှာ လည်း စိတ်ဝမ်းကွဲမှုတွေ ရှိနေတယ်လို့ သိရတယ်။ ဒီလို အဖြစ်မျိုးတွေ ထပ်မဖြစ်ဖို့အတွက် ရောဘတ် ကို အသင်းနဲ့ ပြန်ပူးပေါင်းဖို့ ကမ်းလှမ်းထားပါတယ်။ သူပြန်လာမယ်ဆို နည်းစနစ်ဒါရိုက်တာ ရာထူးနဲ့ပဲ ခန့်မှာပါ” ဟု ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း က ပြောသည်။

ရောဘတ်မှာ ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သော ဘီအီးစီတယ်ရိုဆက်ဆနာ၊ မြောင်တောင်ယူနိုက်တက် အသင်းတို့တွင်လည်း နည်းပြချုပ်၊ နည်းစနစ်ဒါရိုက်တာများ အဖြစ်ဆောင်ရွက်ခဲ့ဖူး သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly