လေပြင်းတိုက်ခဲ့သော်လည်း ချင်းတွင်းသင်္ကြန်အကျနေ့ ဆက်လက်ကျင်းပနေ

လေပြင်းတိုက်ခဲ့သော်လည်း ချင်းတွင်းသင်္ကြန်အကျနေ့ ဆက်လက်ကျင်းပနေ
(ဓာတ်ပုံ - မဇ္ဈိမ)

ယမန်နေ့ညက လေပြင်းတိုက်ခတ်ခဲ့သော်လည်း မုံုရွာမြို့၊ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၄ ရက်တွင် ဆက်လက်ကျင်းပနေကြောင်း သိရသည်။

ဧပြီလ ၁၃ ရက် ည ရ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် တိုက်ခတ်သွားတဲ့ လေပြင်း ကြောင့် ချင်းတွင်းသင်္ကြန်ကျင်းပနေသော သဲသောင်ပြင်မှာ သဲပန်းပုနှင့် အဆောက်ဦတစ်ချို့ အနည်းငယ် ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ယနေ့ မနက်ပိုင်းမှ စတင်ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကာ ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ကြသည်။

မုံုရွာမြို့၊ ချင်းတွင်းသင်္ကြန်ပွဲတော်ကျင်းပနေသည့် သဲသောင်ပြင်တွင် အချိန် ၁ နာရီကျော်  မိုးသက်လေပြင်း ကျရောက်သဖြင့် ပွဲတော်ဖျော်ဖြေရေး ညပိုင်းအစီအစဉ်များ ခေတ္တရပ်ဆိုင်းခဲ့ရပြီးနောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့သော ချင်းတွင်းသင်္ကြန်သဲသောင်ပြင်သို့ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဗဟိုမဏ္ဍပ် အမိုးများနင့် နောက်ခံပိုစတာများ ပျက်စီးခြင်း၊ စျေးဆိုင်ခန်းအချို့ အနည်းငယ်ပျက်စီးခြင်း၊ သဲပန်းပုလက်ရာများ အနည်းငယ်ပဲ့ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ Beach ဇုန်တွင် ထန်းလက်တဲအချို့ အနည်းငယ်ပျက်စီးခဲ့သည်ကို ယနေ့ မနက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခဲ့သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ချင်းတွင်းသင်္ကြန်ကို ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly