စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လေပြင်းတိုက်ခတ်ခဲ့သော ချင်းတွင်းသင်္ကြန်ကျင်းပရာနေရာအား လာရောက်စစ်ဆေး

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လေပြင်းတိုက်ခတ်ခဲ့သော ချင်းတွင်းသင်္ကြန်ကျင်းပရာနေရာအား လာရောက်စစ်ဆေး
(ဓာတ်ပုံ - မဇ္ဈိမ)

ယနေ့့ ဧပြီလ ၁၃ ရက် ညနေ ၆ နာရီ ၃၀ နာရီခန့်က မုံုရွာမြို့၊ ချင်းတွင်းသင်္ကြန်ပွဲတော်ကျင်းပနေသည့် သဲသောင်ပြင်တွင် အချိန် ၁ နာရီကျော် မိုးသက်လေပြင်းကျရောက်သဖြင့် ပွဲတော်ဖျော်ဖြေရေး ညပိုင်းအစီအစဉ်များ ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထိုသို့ အစီအစဉ်များ ခေတ္တရပ်ဆိုင်းပြီးနောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့သော ချင်းတွင်းသင်္ကြန်သဲသောင်ပြင်သို့ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ပွဲတော်ကိုအရှိန်အဟုန်မပျက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ်နှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ သဲပန်းပုများနှင့်အခြားနေရာများသို့လာရောက်စစ်ဆေးခဲ့ပြီး သဲပန်းပုအချို့နှင့်အပျက်အစီးအနည်းငယ်သာရှိကြောင်း သိရသည်။

ဧပြီလ ၁၃ ရက် ည ရ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် ချင်းတွင်းသင်္ကြန်ကျင်းပနေသော သဲသောင်ပြင်မှာ အပျက်အစီးအနည်းငယ်ရှိခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဗဟိုမဏ္ဍပ် အမိုးများနှင့် နောက်ခံပိုစတာများ ပျက်စီးခြင်း၊ စျေးဆိုင်ခန်းအချို့အနည်းငယ်ပျက်စီးခြင်း၊ သဲပန်းပုလက်ရာများ အနည်းငယ်ပဲ့ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ Beach ဇုန်တွင် ထန်းလက်တဲအချို့ အနည်းငယ်ပျက်စီးခဲ့ပြီး လေငြိမ်သွားချိန်မှာတော့ အများပြည်သူတွေ လာရောက်ခဲ့ကြသည်။

Mizzima Weekly