ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုပြုလုပ်

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုပြုလုပ်
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်မဲခွဲမှုကို ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် လီဗာပူးလ်နဲ့ ရိုးမား၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ တွေ့ဆုံယှဉ်ဆိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ်မှာတော့ မာဆေးလ်နဲ့ ဆဲလ်ဘတ်၊ အာဆင်နယ်နဲ့ အက်သလက်တီကိုတို့ အတွဲအဖက်တွေအဖြစ် ကစားရမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ မန်စီးတီးကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းက ရိုးမားအသင်းကို ပထမအကျော့အဖြစ် ဧပြီလ ၂၄ သို့မဟုတ် ၂၅ ရက်မှာ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို မေ ၁ ရက် သို့မဟုတ် ၂ ရက်နေ့တို့မှာ ကစားဖို့ရှိပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ် အာဆင်နယ်က အက်သလက်တီကိုတို့တွေ့ဆုံရာ ဂန်နားတို့ဟာ ပထမအကျော့ကို ဧပြီလ ၂၆ ရက်နေ့မှာ အိမ်ကွင်း၊ နောက်အကျော့ကို မေလ ၃ ရက်မှာ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ မေလ ၂၆ ရက်၊ စနေနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကိုတော့ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မှာ မေလ ၁၆ ရက်မှာ ကစားမှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းက လာမယ့်ရာသီ ချန်ပီယံယံလိဂ်ကို ဝင်ပြိုင်ခွင့်ရမှာပါ။

Ref; BCC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly