မိသားစုတွေ အပန်းဖြေနိုင်မယ့် ဦးဥတ္တမပန်းခြံမှ လမ်းလျှောက်သင်္ကြန်

မိသားစုတွေ အပန်းဖြေနိုင်မယ့် ဦးဥတ္တမပန်းခြံမှ လမ်းလျှောက်သင်္ကြန်
ဦးဥတ္တမပန်းခြံ သြင်္ကန်။ ဓာတ်ပုံ-စိုးသူအောင်

ရန်ကုန်တိုင်းဒေသကြီးမှာ ဦးဥတ္တမပန်းခြံမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်အပါအဝင်  ၂၀၁၈ သင်္ကြန်အတွက် လမ်းလျှောက်သင်္ကြန် ၄ ခုကို စီစဉ်ထားပါတယ်။

အပြင်မှာလို ကားပိတ်တာတွေလိုမျိုး စိတ်ရှုပ်စရာတွေကိုမကြံုရဘဲနဲ့ မိသားစုတွေ အနေနဲ့ လာရောက် အပန်းဖြေနိုင်တယ်လို့ ဟတ်ပီးဝေါက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုထွန်းမြင့်ကပြောပါတယ်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ကျွန်တော်တို့ဒီနေရာမှာ လမ်းလျှောက်သင်္ကြန်တွေ ရန်ကုန်တိုင်းအနေနဲ့ ၄ ခုအကြီးကြီးလုပ် မယ်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာတာဝန်ပေးတယ်။ အခုလိုလုပ်ခွင့်ပေးတဲ့အတွက် လည်းအများကြီးဂုဏ် ယူဝမ်းသာပါတယ်။ပန်းခြံလေး တစ်ခုတည်းမှာပဲ မိသားစုတွေအနေနဲဲ့ပေါ့နော်တခြားအပြင်မှာလိုမျိုး ကားတွေပိတ်တာတွေ စိတ်ရှုပ်တာတွေ မခံရဘဲနဲ့ဒီထဲမှာပဲ ပျော်ပျော်ပါးပါး သင်္ကြန် ကိုဆင်နွဲလို့ရတဲ့အတွက် မိသားစုတွေကိုလည်း ဒီနေရာကနေဖိတ်ခေါ်ပါတယ်။ လာခဲ့ပါ ဒီနေရာမှာ မိသားစု နေလို့ရမယ့် အယ်ကိုဟော ဖရီးဇုန်တွေ စတုဒီ သာမဏ္ဍပ်တွေ နောက်ပြီး ရခိုင်ရိုးရာ မဏ္ဍပ်တွေအများကြီး အစီအစဉ်တွေအများကြီးနဲကျွန်တော်တို့တွေ လုပ်ထားပါတယ် " လို့ သူက ပြောပါတယ်။

ဦးဥတ္တမပန်းခြံမှာရှိတဲ့လမ်းလျှောက်သင်္ကြန်မှာ စတုဒီသာအစီ အစဉ်တွေ၊ ကုမ္မဏီတွေရဲ့စျေးဆိုင်ခန်းတွေ၊ ယိမ်းအကဖျော်ဖြေမှုတွေ၊ စတိတ်ရှိုးတွေ၊ အုန်းလတ်မဏ္ဍပ်တွေ၊ ရခိုင်ရိုးရာမဏ္ဍပ်တွေ၊ နံ့သာလိမ်းခြယ်မယ့် မဏ္ဍပ်တွေ ပါ၀င်မယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကလေးတွေအတွက် ပျော့ပျော့အိအိရေကစားကွင်းတွေ၊ ရေလွှာလျှောတွေကိုလည်း ၀င်ကြေးနဲ့ ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။ သင်္ကြန်တွင်းမနက် ၁၀ နာရီကနေ ညနေ ၆ နာရီထိပြုလုပ်သွားမှာဖြစ်ပြီး လူအခြေအနေကိုကြည့်ပြီး ညနေ ၆ နာရီနောက်ပိုင်းမှာ အချိန်အတိုး အလျော့လုပ်သွားမယ် လို့လည်း သိရပါတယ်။

လမ်းလျှောက်သင်္ကြန်တွေကို ရန်ကုန်မြို့တော်ခန်းမနားမှာ တစ်ခု၊ ဦးဥတ္တမပန်းခြံမှာ တစ်ခု၊ ကန်တော်ကြီး ဥယျာဉ်ထဲနဲ့ အနော်ရထာလမ်းမှာ တစ်ခု စုစုပေါင်း ၄ခုဖြစ်ပါတယ်။

ဒါ့အပြင် ၁၃၇၉ ခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့အပြင် မန္တလေးမြို့၊ နေပြည်တော်၊ ချောက်မြို့၊ ကလေးမြို့၊ မြစ်ကြီးနား၊ မော်လမြိုင်နှင့် အခြားသောမြို့များတွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly