ရန်ကုန်လမ်းလျှောက်သင်္ကြန် မဟာဗန္ဓုလပန်းခြံနားတွင် ကျင်းပ

ရန်ကုန်လမ်းလျှောက်သင်္ကြန် မဟာဗန္ဓုလပန်းခြံနားတွင် ကျင်းပ
ဓာတ်ပုံ - ဒေါင်းလူ

ရန်ကုန်မြို့ပေါ်မှာ ဒီနှစ်မှ စတင်ပြုလုပ်တဲ့ လမ်းလျှောက် သင်္ကြန်နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံအနီးက ရန်ကုန်လမ်းလျှောက်သင်္ကြန်မှာ ရေဆော့ကစားသူနေကြသူတွေနဲ့ စည်ကားနေတာ မြင်တွေ့ ရပါတယ်။

ဒီလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ဒီကနေ့ ဧပြီလ ၁၃ ရက် နေ့၊ သင်္ကြန်အကြိုနေ့က မဟာသင်္ကြန်ဗဟိုမဏ္ဏပ်​ဖွင်​့ပွဲ အခမ်းအနားအပြီးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပါ။

လမ်းလျှောက်သင်္ကြန်ဟာ မြန်မာ့ရိုးရာသင်္ကြန်ရဲ့ ယဉ် ကျေးသိမ်မွေ့တဲ့ အနှစ်အရသာကို ပိုမိုလေးနက်စေသလို ရေကစားသူတွေလည်း ထူးထူးခြားခြားပျော်ရွှင်စေတယ် လို့ ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

"ဒီနှစ်ကတော့ ထူးထူးခြားခြားလမ်းလျှောက်သင်္ကြန်က ရေပိုက်တွေဘာတွေနဲ့ပတ်တာမျိုးမဟုတ်ဘဲနဲ့ ရေဖလား လေးတွေနဲ့ပတ်ဖို့စီမံထားတယ်၊ စတုဒီတာတွေလည်း နေ့ တိုင်းစီစဉ်ထားတယ်၊ ဒါကတော့ ထူးထူးခြားခြား လုပ်တာ ပေါ့၊ စီစဉ်တာတော့ မြို့တော်စည်ပင်က စီစဉ်တာ၊ ကျွန်မ တို့မြို့နယ်က ပါဝင်ဆင်နွှဲတယ်ပေါ့' လို့ ကျောက်တံတား မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

လမ်းလျှောက်သင်္ကြန်ကို မမြင်မတွေ့ရတာ ကြာပြီဖြစ်သလို အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ ပထမဆုံးကျင်းပတာလည်း ဖြစ်ပါတယ်။

" ဒီလိုလမ်းလျှောက်သင်္ကြန်ကို မမြင်ရတာ နှစ်ကို ဆယ်နဲ့ ချီနေပြီ၊ ဒါကိုမြင်တဲ့အခါ ရန်ကုန်စည်ပင်သာယာရေး ကော်မတီကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်၊ ထူးခြား တဲ့အိုင်ဒီယာလေးကို မြင်ရတော့ အတော်လည်း ဝမ်း သာပါတယ်" လို့ လာရောက်ဆင်နွှဲသူ မခင်သန္တာသန့် က ပြောပါတယ်။

ဒီလမ်းလျှောက်သင်္ကြန်မှာ ကုမ္ပဏီအဖွဲ့အစည်းတွေကလည်း စတုဒီသာတွေ ကျွေးမွေးခဲ့ကြသလို အရက်ဘီယာ ရောင်းချ သောက်စားမှုတွေကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာလည်း လမ်းလျှောက် သင်္ကြန်ပွဲတော်တွေ ဆင်နွှဲနေသလို ရန်ကုန်မြို့ရဲ့ လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်နဲ့ ဦးဥတ္တမပန်းခြံနေရာတွေမှာလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly