" တောနော်သဘာဝရေတံခွန်" အပန်းဖြေစခန်း ကော့ကရိတ်တွင် ဖွင့်လှစ်

" တောနော်သဘာဝရေတံခွန်" အပန်းဖြေစခန်း ကော့ကရိတ်တွင် ဖွင့်လှစ်

ဧပြီ ၁၂ ။              ။ ကရင်ပြည်နယ်ရှိ သဘာဝရေတံခွန်ကြီးတစ်ခု ဖြစ်သော " တောနော်သဘာဝရေတံခွန်" အပန်းဖြေစခန်း ကို အများပြည်သူများအတွက် သင်္ကြန်ပွဲတော်အမီ ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေတံခွန်မှာ ဒေါနတောင်တန်းမှ စီးဆင်းလာသည့် အဆင့်များစွာပါရှိသော သဘာဝရေတံခွန်အမျိုးအစားဖြစ်ပြီး " တောနော်သဘာဝရေတံခွန် " ကို ဧပြီလ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ ကရင်ပြည်နယ်ရဲ့ သဘာဝတောတောင်ရေမြေအလှများကို ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း မြှင့်တင်ရေး နှင့် ဒေသဖွံ ့ဖြိုးရေးအတွက် အကျိုးမမြတ်မတွက်ဘဲ အားထုတ်ခဲ့သည့်လုပ်ငန်းစဉ်တရပ်ဖြစ်ပါတယ်” ဟု အပန်းဖြေစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ရွှေမြစ်သောင်ရင်းကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးစောတင်ဝင်းက ပြောသည်။

အဆိုပါ တောနော်သဘာဝရတံခွန်သည် ကော့ကရိတ် - မြဝတီ အာရှကားလမ်းမကြီး ကော့ကရိတ်ဘက်ခြမ်း တွင် တည်ရှိပြီး ကားလမ်းမကြီးဘေးမှတဆင့် မော်တော်ယာဉ်ဖြင့် ၁၀ မိနစ်ခန့်သာ ၀င်ရောက်ရမည်ဖြစ်သည်။ ကော့ကရိတ် - မြဝတီ အာရှလမ်းသစ်ကားလမ်းအတိုင်းလာမည်ဆိုပါက ကော့ကရိတ်ဘက်ကလာလျှင် မီးနစ်ပိုင်းမျှသာကြမည်ဖြစ်သကဲ့သို့ မြဝတီဘက်ကလာမည်ဆိုပါက မိနစ် ၃၀ ခန့်သာကြာမည်ဖြစ်သည်။

ရေတံခွန်အဆင့်ဆင့်တည်ရှိသောနေရာဖြစ်သောကြောင့် အပန်းဖြေလာရောက်ကြမည့်သူများ အဆင်ပြေစေရေး အတွက် တောင်စောင်းများတွင် သံလှေကားများတတ်ဆင်ထားပြီးဖြစ်သည်။

ရေတံခွန်တည်ရှိရာ သဘာဝအနေအထားများအရ လှေကားများတတ်ဆင်ထားခြင်းမရှိလျှင် တစ်နေရာမှ တစ်နေရာသို့ သွားရောက်နိုင်မည့်အနေအထားများမရှိသည့်အတွက် မတတ်သာသည့်အဆုံး လှေကားများ တပ်ဆင်ရခြင်းဖြစ်သည်ဟုလည်း တော်နော်သဘာဝရေတံခွန် အပမ်းဖြေစခန်းတည်ဆောက်ခဲ့သူ ရွှေမြစ်သောင်ရင်းကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးစောတင်ဝင်းက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါရေတံခွန်စခန်းသို့ ထိုင်းနိုင်ငံမှခရီးသွားများလာရောက်နိုင်ရန်အတွက် ထိုင်းနိုင်ငံတာ့ခ်ခရိုင် ခရီးသွား လုပ်ငန်းအဖွဲ့မှ ခရီးသွားလုပ်ငန်းရှင်အချို ့ လာရောက်လေ့လာမည်ဟု သိရပြီး ထိုင်းဧည့်လမ်းညွန် တစ်ဦးဖြစ်သည့် နိုင်စုံချိုင်းက ဆိုသည်။

တောနော်သဘာဝရေတံခွန်၏ထူးခြားချက်မှာ အပူပြင်းဆုံးလများဖြစ်သည့် တန်ခူးလနှင့်ကဆုန်လများတွင် ရေနည်းသွားခြင်းနှင့်ရေခမ်းသွားခြင်းများ မရှိခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly