Lohas မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ ဆောင်ဆောင်ဟွန်း

Lohas မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ ဆောင်ဆောင်ဟွန်း

ဆိုးလ်၊ သြဂုတ် ၂၈ ။           ။ တောင်ကိုရီးယား မင်းသား ဆောင်ဆောင်ဟွန်းသည် စက်တင်ဘာလထုတ် တရုတ် ဖက်ရှင် မဂ္ဂဇင်း Lohas အတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့သည်။

ဓာတ်ပုံတွင်  အသက် ၃၈ နှစ်အရွယ်ရှိ ဆောင်ဆောင်ဟွန်းသည် မုန့်တိုက်တစ်ခုအတွင်း ပေါင်မုန့်ချောင်းကို ကိုင်ဆောင်ထားကာ ကင်မရာကို ကြည့်နေသည့်ပုံကို တွေ့ရသည်။

ဆောင်ဆောင် ဟွန်းသည် အပြာရောင်အင်္ကျီပေါ်တွင် အဖြူရောင်အစက်များပါဝင်သည့် အင်္ကျီကို ဝတ်ဆင်ထားကာ လည်ပင်းတွင် လည်းစည်းပုဝါ စည်းထားသည်ကို တွေ့ရသည်။

ဆောင်သည် မကြာသေးမီက တရုတ်-အမေရိကန်မင်းသမီး လုယီဖီးနှင့် ချစ်ကြိုက်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။ မကြာမီ ထုတ်လွှင့်ပြသမည့် The Third Way of Love  ရုပ်ရှင်ကား တွင် ဆောင်နှင့် လုယီဖီးတို့ အတူသရုပ်ဆောင်ထားပြီး တရုတ်နိုင်ငံ၌ စက်တင်ဘာလတွင် ပွဲဦးထွက် ပြသရန် စီစဉ်ထားသည်။ ဆောင်ဆောင်ဟွန်း၏ ဓာတ်ပုံများများကို စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly