ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု

 

ဧပြီ ၁၁ ။             ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ယနေ့ ဧပြီ ၁၁ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းတွေအနက်က တစ်ခုကို သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ကာလ ဒုက္ခသည် အကျပ်အတည်းကြီးတစ်ခု ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရဝန်ကြီးတစ်ဦး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ သွားရောက်တဲ့ ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာဆိုရင် Cox's Bazar နယ်စပ်မြို့အနီးက Kutupalong ဒုက္ခသည်စခန်းဆီ သွားရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါက်တာဝင်းမြတ်အေးဟာ  ဒုက္ခသည်ကမ့်စခန်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောခဲ့တယ်လို့ ပြည်တွင်း ရဲတပ်ဖွဲ့အရာရှိချုပ် Abul Khaer က အေအက်ဖ်ပီကို ပြောပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွေမှာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါ၀င်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ခုလို မြန်မာ ပြည်ထောင်စုဝန်ကြီးနဲ့ လူချင်းတွေ့ဆုံနိုင်တဲ့အခွင့်အရေး ရရှိမှုအပေါ် ကြိုဆိုပါကြောင်း အဆိုပါ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းတွေက ခေါင်းဆောင်တွေက ပြောတယ်လို့ သိရပါတယ်။

" ကျွန်တော်တို့ ၀န်ကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ချင်နေတာပါ" ဆိုပြီး ဘင်္ဂါလီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mohibullah က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဆိုပါ Kutupalong စခန်းမှာရှိစဉ် ဘင်္ဂါလီ အသိုင်းအဝိုင်း ခေါင်းဆောင် ၄၀ နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly