မြန်မာနိုင်ငံမှာ အမုန်းတရားကာကွယ်ရေး ပိုမိုဆောင်ရွက်မည်ဟု ဖေ့ဘွတ်စ် သတင်းထုတ်ပြန်

မြန်မာနိုင်ငံမှာ အမုန်းတရားကာကွယ်ရေး ပိုမိုဆောင်ရွက်မည်ဟု ဖေ့ဘွတ်စ် သတင်းထုတ်ပြန်

ဧပြီ ၁၀ ။                    ။ မြန်မာနိုင်ငံမှာ  ဖေ့ဘွတ်စ်ကတဆင့် အမုန်းတရားဖြန့်ဝေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖေ့ဘွတ်စ်က အမုန်းတရားတွေကိုထိရောက်အောင်ရှာဖွေနိုင်မဲ့ကိရိယာတွေ၊ တိုင်ကြားတာကို ပိုထိရောက်အောင်ခွဲခြားစိတ်ဖြာနိုင်ဖို့တွေ၊ မြန်မာဖောင့်နှစ်မျိုးဖြစ်နေတဲ့ကိစ္စတွေနဲ့ ဖေ့ဘွတ်စ်ကိုလုံခြံုစွာသုံးနိုင်ဖို့ အသိပညာပေးအစီစဉ်တွေလုပ်သွားဖို့ စီစဉ်နေတယ်လို့ ဖေ့ဘွတ်စ်က ဧပြီလ ၁၀ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဖေ့ဘွတ်စ်က မြန်မာနိုင်ငံရဲ့ ပေါ်လစီညွှန်ကြားရေးမှူး Mia Garlick က မြန်မာနိုင်ငံတွင် Facebook ၏အခန်းကဏ္ဍ ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 "အမုန်းတရားပွားစေတဲ့ အကြောင်းအရာတွေနဲ့ ကျွန်မတို့ရဲ့အမုန်းစကားဆိုင်ရာမူဝါဒများကို အထပ်ထပ်ချိုးဖောက်နေတဲ့ သူတွေကိုိ မြန်မြန်ဆန်ဆန် ဖယ်ရှားဖို့ နည်းပညာနဲ့ မြန်မာစကားကျွမ်းကျင်သူတွေအပေါ် သိသိသာသာ အားကိုးထားပါတယ်။ ဒါတင်မကအွန်လိုင်းမှာ လုံခြုံအောင်နေဖို့ လိုအပ်တဲ့ သတင်း အရင်းအမြစ်တွေနဲ့ အပြုသဘောဆောင်တဲ့ စကားတွေကို အားပေးတဲ့ Counter Speech Campaign တွေ လုပ်ဆောင်တဲ့အခါမှာလည်း ပြည်တွင်းကကျွမ်းကျင်သူတွေနဲ့ လုပ်ကိုင်နေကြပါတယ်" လို့ Mia Garlick က ပြောပါတယ်။

 အမုန်းစကား hate speech တွေပျံ့နှံ့မှုတွေကို လျော့ချဖို့လုပ်တာတင်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍနဲ့ သုံးစွဲသူတွေအားလုံးအတွက် အကျိုးရှိစေဖို့လုပ်နေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် ရေကြီးတုန်းက အလှူငွေကို ဖေ့ဘွတ်စ်သုံးပြီးရှာဖွေနိုင်ခဲ့သလို ၂၀၁၇ ခုနှစ်မှာ တုတ်ကွေးရောဂါ ကာကွယ်ဖို့ကို ဖေ့ဘွတ်စ်က သူ့ရဲ့မိတ်ဖက်အဖွဲ့စည်းနဲ့ပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေးတာတွေလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်

   မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်ဝေတာတွေကို ဖေ့ဘွတ်စ်က ထိရောက်စွာကိုင်တွယ်နိုင်တယ်လို့ လည်း အင်တာဗျုးတစ်ခုမှာဖေ့ဘွတ်စ်တည်ထောင်သူ Mark က ဖြေခဲ့ပါတယ်။

ဒါပေမယ့် ကြားခံအဖွဲ့အစည်းတွေကိုအားထားနေတာ၊ အရေးပေါ်အခြေအနေတွေအတွက် ထိရောက်တဲ့စနစ်မရှိတာ၊ ဒေသခံအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး အရေးပေါ်အခြေအနေဖြေရှင်းဖို့ မြန်မြန်အကောင်အထည်မဖော်နိုင်တာ၊ ပွင့်လင်းမြင်သာမှုအားနည်းတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဖန်တီးရာ၊ MIDO၊ Burma Monitor၊ Equality Myanmar စတဲ့အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖေ့ဘွတ်စ်ကို စာပို့ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း Mark က ပြန်တောင်းပန်ခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံမှာ ဖေ့ဘွတ်စ်ကတဆင့်  တစ်ဦးချင်း အမုန်းစကားပြောဆိုမှုတွေရှိနေသလို ရိုဟင်ဂျာဗွီးရှင်းလိုမျိုး ရုပ်သံသတင်းအမှားတွေကို မြန်မာဘာသာစကားနဲ့ တင်ဆက်နေတဲ့ ဖေ့ဘွတ်စ်သတင်းဌာနတွေလည်းရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly