ရေဘေးသင့်မြန်မာပြည်သူများအတွက် တရုတ်တပ်မတော်က တရုတ်ယွမ် သိန်းတစ်ရာတန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

ရေဘေးသင့်မြန်မာပြည်သူများအတွက် တရုတ်တပ်မတော်က တရုတ်ယွမ် သိန်းတစ်ရာတန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း
ရေဘေးသင့် ပြည်သူများကို လှူဒါန်းသည့် ပစ္စည်းများ သယ်ယူလာစဉ်။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)
 

ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ရေဘေးသင့်မြန်မာပြည်သူတို့အတွက် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှ တရုတ်ယွမ် သိန်းတစ်ရာတန်ဖိုးရှိသည့် ပစ္စည်းများကို ဩဂုတ် ၂၈ရက်ကစတင်ကာ လေယာဉ်များဖြင့် ပေးပို့လှူဒါန်းနေပြီဖြစ်သည်။  

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Ilyushin-76 လေယာဉ် နှစ်စီးနှုန်းဖြင့် သုံးရက်ကြာ ပေးပို့လှူဒါန်းမည့် ပစ္စည်းများအား နေပြည်တော် လေဆိပ်(တပ်မတော်လေဆိပ်)သို့ ပို့ဆောင်ကာ မြန်မာတပ်မတော်မှတစ်ဆင့် လွှဲပြောင်းလှူဒါန်းခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ဒီတစ်ခေါက်တပ်မတော်နှစ်ရပ်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကတော့ တပ်မတော်နှစ်ရပ်ရဲ့ ဆက်ဆံရေး၊ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးလည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးပြုနိုင်ပါတယ်” ဟု နေပြည်တော်လေဆိပ်တွင် သတင်းထောက်များကို ပြောသည်။  

ပေးပို့လှူဒါန်းသည့်ပစ္စည်းများမှာ ဆေးဝါး၊ မိုးကာ၊ ဆီနှင့် မီးစက်တို့ဖြစ်ပြီး မြန်မာတပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ စစ်ဥပဒေချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံသို့ လွှဲပြောင်းလှူဒါန်းခဲ့သည်။  

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၂ခုအနက် ၁၀ခုရှိ နေရာအတော်များများတွင် ရေဘေးသင့် ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်။

ရေဘေးသင့်မြန်မာပြည်သူများအတွက် တရုတ်တပ်မတော်က တရုတ်ယွမ် သိန်းတ...

ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ရေဘေးသင့်မြန်မာပြည်သူတို့အတွက် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှ တရုတ်ယွမ် သိန်းတစ်ရာတန်ဖိုးရှိသည့် ပစ္စည်းများကို ဩဂုတ် ၂၈ရက်ကစတင်ကာ လေယာဉ်များဖြင့် ပေးပို့လှူဒါန်းနေပြီဖြစ်သည်။

Posted by Mizzima - News in Burmese on Friday, August 28, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly