တရုတ်ဝယ်လက်ကြောင့် မြိတ်ဒေသထွက် ငါးဖောင်းဆံများ အရောင်းအဝယ် များနေ

တရုတ်ဝယ်လက်ကြောင့် မြိတ်ဒေသထွက် ငါးဖောင်းဆံများ အရောင်းအဝယ် များနေ

 

မြိတ်၊ ဧပြီလ ၉ ။                         ။ ထိုင်း - တရုတ် ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်စားသောက်ရသည့် မြိတ်ဒေသထွက် ရေထွက်ပစ္စည်းများထဲတွင် ငါးဖောင်းဆံ(ငါးစည်ဖောင်း)သည် တရုတ်ဝယ်လက်ကြောင့်  စျေးကွက်အတွင်း အရောင်း/ ၀ယ်များနေကာ စျေးကောင်း ရရှိနေကြောင်း သိရသည်။

မြိတ်ဒေသထွက် ငါးဖောင်းဆံ(ငါးစည်ဖောင်း)သည်၊ ငါးရွှေနှင့် ကကူးရံငါး စသော ငါးအကောင်ကြီးများ၏ ၀မ်းဗိုက်အတွင်းမှ ထွက်ရှိသည့် ငါးဖောင်းဆံ(ငါးစည်ဖောင်း)များ ဖြစ်ပြီး၊ မြိတ်ဒေသရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရ သည်။

“ ငါးဖောင်းဆံ(ငါးစည်ဖောင်း)က အရည်အသွေးကောင်းရင် ကောင်းသလို စျေးကောင်းရပါတယ်၊ အညံ့ဆုံး ငါးဖောင်းဆံဆိုရင် တစ်ပိသာကို ၂  သိန်းလောက်ရှိတယ်၊ အရည်အသွေး တအားကောင်းတဲ့ ပစ္စည်းဆိုရင် ၅ သိန်းမှ သိန်း ၂၀ အထိ စျေးရှိပါတယ်” ဟု ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာနေ ငါးဖောင်ဆံ အဝယ်ဒိုင်မှ ဦးဝင်းကိုကိုက ပြောသည်။

ယင်း ငါးဖောင်ဆံ(ငါးစည်ဖောင်း)များသည်၊ ယင်းခင်က အိမ်နီးချင်း ဖြစ်သည့် ထိုင်းနိုင်ငံကို အဓိကထား တင်ပို့ရောင်းချ နေသော်လည်း လက်ရှိမှာတော့ ရန်ကုန်စျေးကွက်မှတဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ ရောင်းချနေပြီး စျေးအမြင့်ဆုံး ရရှိနေခြင်း ဖြစ်ကြောင်း ရေထွက်ပစ္စည်း အရောင်း/ ၀ယ် အသိုင်းအဝိုင်းမှ သိရသည်။

ငါးဖောင်းဆံများသည်၊ ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်စားသောက်ရခြင်း ဖြစ်ပြီး၊ အာဟာရဓာတ် ပြည့်ဝသောအစားသောက်မျိုး ဖြစ်သည်။

မြိတ်ဒေသထွက် ရှာပါး ရေထွက်ပစ္စည်းများထဲတွင် ရေနယား၊ ငါးဖောင်းဆံ(ငါးစည်ဖောင်း)၊ ငါးပူတင်း အရေခွံနှင့် ပင်လယ် ရေမျော့များသည်၊ တရုတ်စျေးကွက်သို့ အများဆုံး တင်ပို့ ရောင်းချကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly