သင်္ကြန်ကာလအတွင်း မိုးရွာနိုင်သည်ဟု ဦးထွန်းလွင်ဆို

သင်္ကြန်ကာလအတွင်း မိုးရွာနိုင်သည်ဟု ဦးထွန်းလွင်ဆို

ရန်ကုန် ၊ ဧပြီ ၉ ။           ။ မဟာသင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာသွန်းနိုင် သည်ဟု  မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးရွာသွန်းနိုင်ချေ အများဆုံးဖြစ်နေသည်ဟု ၄င်းက ဆိုသည်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သင်္ကြန်ကာလက မိုးလွတ်တဲ့ သင်္ကြန်တော့ဖြစ်မလာနိုင်ဘူး။ မိုးရွာနိုင်တဲ့ ဒေသတွေ ရှိတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်း ၊ တောင်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ" ဟု ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း၌ ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပေါ်ခဲ့သည့် မာရုသာ မုန်တိုင်းသည် ကမ်းရိုးတန်းအား ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခဲ့ခြင်းကြောင့် ဒေသအများစု၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော်လည်း ယခုနှစ်အတွင်း၌ ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ရာသီဥတုအခြေအနေပုံမှန်အတိုင်း ရှိနေပြီး မုန်တိုင်းဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

၂၀၁၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် မာရုသာဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ် ၊ ရုံးခန်း စသည့် အဆောက် အအုံ ၆၄ လုံး လုံးလုံး ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly