မော်ရိုကို သဲကန္တာရထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော မာရသွန်ပြေးပွဲ

မော်ရိုကို သဲကန္တာရထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော မာရသွန်ပြေးပွဲ

ဧပြီ ၉ ။       ။ မော်ရိုကိုနိုင်ငံတောင်ပိုင်း သဲကန္တာရတစ်ခုမှာတော့ ပုံမှန် ကျင်းပနေကျဖြစ်တဲ့ မာရသွန်ပြေးပွဲတစ်ခုကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်မှာ အကြိမ် ၃၃ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ အဆိုပါ မာရသွန်ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော ပြေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာ ပူပြင်းလွန်းလှတဲ့ နေအပူဒဏ်အောက်မှာ အံတုရင်းနဲ့ ကီလိုမီတာ ၂၅၀ ကျော် အကွာအဝေးကို ယှဉ်ပြိုင်ပြေးလွှားကြရတာဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံ တောင်ပိုင်းက ဆာဟာရသဲကန္တာရ အပိုင်းမှာ ပြုလုပ်တဲ့ အဆိုပါ မာရသွန်ပွဲကတော့ အပြေးပြိုင်ပွဲဝင်တွေရဲ့ ခံနိုင်ရည်ရှိမှု၊ သတ္ထိနဲ့ ဇွဲလုံ့လတို့ကို စမ်းသပ်တဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly