သူပုန်နယ်မြေကို အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရ စွပ်စွဲခံနေရ

သူပုန်နယ်မြေကို အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရ စွပ်စွဲခံနေရ

 

ဘေရွတ်၊ လက်ဘနွန်၊ ဧပြီ ၉ ။                 ။ ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေကို အစိုးရတပ်များက တနင်္ဂနွေနေ့ တွင် လေကြောင်းထိုးစစ်များဆင်နွှဲခဲ့ကြောင်း   စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သလို စနေ၊တနင်္ဂနွေ နှစ်ရက်အတွင်း အစိုးရ၏ နယ်မြေစီးနင်းတိုက်ခိုက်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ရပြီး ဓာတုအဆိပ် ဓာတ်ငွေ့များကို အသုံးပြု၍တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်တို့ဘက်မှ စွပ်စွဲကာ ဝေဖန်ရှုံ့ချခဲ့သည်။

အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီဟု သတင်းများကဖော်ပြနေခဲ့ကြသလို ဆီးရီးယားအစိုးရအဖွဲ့နှင့် ဂူတာနယ်မြေအတွင်းမှ နောက်ဆုံးကျန်ရှိသည့် ဂျာအစ်ရှ်အယ်လ်အစ္စလာမ် သူပုန်အဖွဲ့တို့ကြား ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပြောဆိုနိုင်သည်ဟု ထင်ကြေးပေးနေကြချိန်တွင် ယခုလိုလေကြောင်းတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သောစနေနေ့ကလည်း အစိုးရဘက်မှ ကလိုရင်းဓာတုဓာတ်ငွေ့များကိုအသုံးပြုကာ တိုက်ခိုက်ခဲ့ သည်ဟု စွပ်စွဲခံနေရပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။ သို့သော်လည်း ဆီးရီးယားနိုင်ငံပိုင်သတင်းစာနှင့် အစိုးရ၏မဟာမိတ်ဖြစ်သော ရုရှားတို့ဘက်မှ ယင်းသို့စွပ်စွဲချက်များသည် လုပ်ကြံပြောဆိုနေခြင်းများဖြစ်သည်ဟု ဝေဖန်တုံ့ပြန်ခဲ့သည်။

အာဆက်အစိုးရ၏တပ်ဖွဲ့များသည် ဂူတာအရှေ့ပိုင်းနယ်မြေအတွင်းမှ သူပူန်များ၏နောက်ဆုံးခံတပ်ဖြစ်သော ဒူမာမြို့သို့ ထိုးစစ်ဆင်မှုများကို ပြန်လည်စတင်ခဲ့သလို ပြီးခဲ့သော သောကြာနေ့ကလည်း ဂျာအစ်ရှ်အယ်လ် အစ္စလာမ်အဖွဲ့မှ သူပုန်များကို မြို့တွင်းမှထွက်ခွာခွင့်ပေးမည့် ဆွေးနွေးချက်လည်း ပျက်ပြားသွားခဲ့သည်။

ပြီးခဲ့သောအပတ်က ဒူမာမြို့အတွင်းမှ ရာနှင့်ချီသောသူပုန်များနှင့် ၄င်းတို့၏မိသားစုဝင်များကို ထွက်ခွာခွင့်ပေးခဲ့ သော်လည်း သူပုန်အဖွဲ့ထဲမှ စိတ်ဓာတ်ပြင်းထန်ကာ ခေါင်းမာသူများက ထွက်ခွာဖို့ ငြင်းဆန်ခဲ့ကြကြောင်း သိရ သည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သော သောကြနေ့ကတည်းကစတင်ပြီး စနေ၊တနင်္ဂနွေ နှစ်ရက်စလုံး လေကြောင်းထိုးစစ်များ ဆင်နွှဲခဲ့သည့်အတွက် အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း ဗြိတိန်အခြေ စိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly