ရီးယဲလ်အသင်းအတွက် (၁၀)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

ရီးယဲလ်အသင်းအတွက် (၁၀)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အီးပီအေ)

စီရော်နယ်လ်ဒိုဟာ ဒါဘီပွဲစဉ်ဖြစ် အက်သလက်တီကိုနဲ့ သရေကျတဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းအတွက် ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဘီပွဲမှာ ရီးယဲလ်အသင်းက အခွင့်ရေးကောင်းတွေ ရရှိခဲ့ပြီး အဆက်စီယိုနဲ့ မာဆယ်လိုတို့ရဲ့ ကန်သွင်းချက်တွေ တိုင်ထိမိခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂါရတ်ဘေးလ်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက မြေမကျ volley ကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးကတော့ သူ့အတွက် ၁၀ ပွဲကစားရာမှာ ဂိုး ၂၀ မြောက် သွင်းဂိုးဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း ဗီတိုလိုရဲ့ ကန်ချက်ကို ဂိုးသမား နာဗတ်စ် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂရစ်ဇ်မန်းက သွင်းယူခဲ့တာကြောင့် ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းနဲ့ ပေါ်တူဂီအသင်းအတွက် နောက်ဆုံး ၁၄ ပွဲ ကစားပေးခဲ့ရာမှာ ၂၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ သူ့ရဲ့ကလပ်အသင်းအတွက် ၃၇ ပွဲပါဝင်ကစားခဲ့ချိန်မှာ ဂိုး ၄၀ ထိ ရရှိခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags