သင်္ကြန်ကာလအတွင်း မြိတ်- ရန်ကုန် ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းများ တစ်ပတ်ခန့် ရပ်နားမည်

သင်္ကြန်ကာလအတွင်း မြိတ်- ရန်ကုန် ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းများ တစ်ပတ်ခန့် ရပ်နားမည်

မြိတ်၊ ဧပြီလ ၈ ။          ။ လာမည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ပြီး မြိတ်- ရန်ကုန်နဲ့ တနင်္သာရီတိုင်းအတွင်း အခြား မြို့နယ်များသို့ ပြေးဆွဲနေသော အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများသည်၊ တစ်ပတ်ခန့် ရပ်နားမည် ဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

သင်္ကြန်ကာလမှာ ဘုရားဖူးယာဉ်များ၊ သင်္ကြန်ရေပက်ခံ ကားများနှင့် သင်္ကြန်ရေကစားသူတွေ များပြား၍ ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် ခရီးသည်တင်ယာဉ် ကားများ သွားလာရန် ခက်ခဲ၍ ယာဉ်လိုင်းတွေ အများစု ရပ်နားတာဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

“ သင်္ကြန်ကာလဆိုလျှင် ခရီးသည်တင်တဲ့ ယာဉ်လိုင်ေးတွက အများစု ရပ်နားတာ များပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သင်္ကြန်မှာက လမ်းခရီးတွေမှာ သွားရ လာရ အန္တရာယ်များသလို ယာဉ်မောင်းတဲ့ အလုပ်သမား တွေလည်း ဒီချိန်ဆို လွတ်လွတ်လပ်လပ်လေး နားရအောင်ဆိုလို့ ရပ်နားကြတာ များတယ်” ဟု ရွှေမန္တလေး အဝေးပြေးယာဉ်လိုင်းမှ လက်မှတ်ရောင်း တာဝန်ခံ အသက် ၂၀ နှစ်ခန့် အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ အဝေးပြေးယာဉ်လိုင်းများသည်၊ ဧပြီလ ၁၂ ရက်မှ စတင်ပြီး ၁၉ ရက်နေ့ အထိ မြိတ်- ထားဝယ် ခရီးစဉ်များ၊ မြိတ်- မော်လမြိုင် ခရီးစဉ်များနှင့် မြိတ်- ရန်ကုန် ခရီးစဉ်များကို ပြေးဆွဲခြင်း ရပ်နားမည်ဖြစ်သည်။

ထိုအပြင် တိုင်းအတွင်း ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းတွေလည်း အများစု ရပ်နားကြမည်ဟု မြိတ်မြို့နယ်ရှိ မြိတ်အများပိုင် အဝေးပြေးကားဝင်းဂိတ်အတွင်းမှ ယာဉ်လိုင်းများထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသော အဝေးပြေးခရီးသည်တင် ယာဉ်လိုင်း ၁၅ လိုင်းနှင့် ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၃၀ ခန့်ရှိကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly