ထရမ့်မိုးပျံတိုက်ကြီး၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၁ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ထရမ့်မိုးပျံတိုက်ကြီး၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၁ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

နယူးယောက်၊ အမေရိကန်၊ ဧပြီ ၈ ။           ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင်ဆိုင်သော နယူးယောက်မှ အထပ် ၅၈ထပ်မြင့်သည့် ထရမ့်မိုးပျံတိုက်ကြီး၏ အထပ် ၅၀ မြောက်တွင် စနေနေ့အနှောင်းပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အဖိုးအိုတစ်ဦးသေဆုံးခဲ့ပြီး မီးသတ်သမား ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

နယူးယောက်ရဲတပ်ဖွဲ့၏အဆိုအရ မီးလောင်ကျွမ်းရာနေရာသို့ အရာရှိများရောက်ရှိလာစဉ်တွင် အသက် ၆၇ နှစ် အရွယ်ရှိအဖိုးအိုတစ်ဦးသည် သတိလစ်မေ့မြောနေပြီး တုံ့ပြန်နိုင်ခြင်းမရှိသည်ကို   တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုအဖိုးအိုအား မောင့်ဆိုင်းနိုင်းရုစဗဲ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက်တွင် သေဆုံးသွားခဲ့ပြီဟု အတည်ပြုပေး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ ဒါ့အပြင် ထိုအဖိုးအိုသေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ ဆဲဖြစ်ကြောင်း မှုခင်းဆရာဝန်များက ဆိုခဲ့သည်။

“ဒီမီးကိုငြှိမ်းသတ်ရတာ အရမ်းကိုခက်ခဲပါတယ်။ ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲ အဆောက်အဦးကြီးဟာ အတော် ကိုကြီးမားပါတယ်။ အထပ် ၅၀ အမြင့်မှာ မီးလောင်ကျွမ်းနေခဲ့တာပါ။ အဆောက်အဦးတစ်ခုလုံးလည်း မီးခိုးငွေ့ တွေမွှန်သွားခဲ့ပါတယ်” ဟု နယူးယောက်မီးသတ်တပ်ဖွဲ့က ဆိုခဲ့သည်။

ဒါ့အပြင် လောင်ကျွမ်းနေသောမီးအား ထိန်းချုပ်ငြိှမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် မီးသတ်သမား ၄ဦး အသေးစား ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ကြေညာခဲ့သည်။

ဒေသစံတော်ချိန် စနေနေ့ညနေ ၆နာရီဝန်းကျင်ခန့်တွင် ထရမ့်မိုးမျှော်တိုက်ကြီးမှ မီးခိုးငွေ့များ တလိပ်လိပ်တက် လာသည်ကို မန်ဟတ်တန်မြို့လယ်ခေါင်မှ မြင်တွေ့ခဲ့ရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ထရမ့်အဖွဲ့အစည်းတို့၏ရုံးချုပ်နှင့် သမ္မတ၏မိုးထိတိုက်ခန်းအဖြစ် အသုံးပြု သော ယင်းအဆောက်အဦးပတ်ပတ်လည်ရှိ လမ်းမကြီးများကိုလည်း ပိတ်ဆို့ထားခဲ့ရကြောင်း သိရသည်။

သမ္မတဒေါ်နယ်ထရမ့်ကလည်း “ထရမ့်မိုးပျံတိုက်ကြီးမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေပါတယ်။ ကောင်းမွန်စွာ တည်ဆောက်ထားတဲ့ အဆောက်အဦးကြီးဖြစ်ပါတယ်။ မီးငြှိမ်းသတ်ပေးခဲ့တဲ့ မီးသတ်သမားတွေကို ကျေးဇူး အထူးတင်ပါတယ်” ဟု ထရမ့်က သူ၏တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly